ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၄ ​ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး လွန်ခဲ့တဲ့ ၃ နှစ်ကျော် အချိန်တချိန်တုန်းကတော့ မဟုတ်ပါစေနဲ့၊ တကယ်မဖြစ်ပါစေနဲ့ ဆုတောင်းမျှော်လင့်နေတဲ့ကြားကပဲ ကောင်းကင်ကြီးပြိုကျသလို ကျီးတွေဝုန်းကနဲပြိုကျခဲ့တာ နာနာကျင်ကျင် ကြုံလိုက်ကြရတယ်။ မကောင်းတာဆိုရင်တော့ ဒဲ့ကြီးကို မှန်တော့တာပဲ။ လောကကြီးက မတရားဘူးလို့ ပြောရမလား။ တကယ်တော့ ကောလဟလ ကောလဟလ ဆိုပြီး မှန်ခဲ့တာတွေလည်း ရှိဘူးခဲ့ပါတယ်။ ကောင်းတာကော မကောင်းတာကော၊ မျှော်လင့်တာကော မမျှော်လင့်တာကောပေါ့။ ဘာတခုမှ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၃ ​အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ဗုံးဒဏ်ကြောင့် အရုပ်ကလေးတွေလို ပြိုကျသွားတဲ့ တိုက်မြင့်ကြီးတွေကိုကြည့်ရင်း လူ့အဖြစ်ရဲ့ခိုင်မာမှုဆိုတာ အဆောက်အဦတွေ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ မရနိုင်ဘူးဆိုတာ သွားမြင်တယ်။ တည်ဆောက်သူဆိုတာရှိသလို ဖျက်ဆီးသူဆိုတာရှိတယ်။ တည်ဆောက်တဲ့အတတ်ပညာတွေတိုးတက်လာသလို ဖျက်ဆီးတဲ့နည်းပညာတွေကလည်း မြင့်မားလာတယ်။ ဒါတွေအားလုံးရဲ့လက်သည်ဟာလည်း လူပဲ။ လူဆိုတာ အရေပြားလေးနဲ့ထုပ်ပိုးထားတဲ့ အသွေးအသားအစိုင်အခဲမျှသာမဟုတ်လား။ အဲဒီအသွေးအသားတွေထဲမှာ နှလုံးသားဆိုတာ ပါလာတယ်။ ဦးနှောက်ဆိုတာ ပါလာတယ်။ နာကျင်မှုနဲ့ သာယာမှုဆိုတာ ပါလာတယ်။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၂ ​တနင်္လာနေ့ – ■ မနက်ခင်းအတွေး ကုန်းမြင့်သာပေါ်မှာ ပါတီဌာနချုပ်ရုံးကြီးကို ဟီးနေအောင်လည်း ဆောက်ပြီးရော နိုင်ငံတော်၏တခုတည်းသော ဦးဆောင်ပါတီဖြစ်ရမည်လို့ အတိအလင်းပြဌာန်းထားတဲ့ ပါတီဝင် ၁၀ သန်းကျော်ရှိပါတယ်ဆိုတဲ့ ပါတီကြီးဟာ ဘုန်းဘုန်းလဲကျသွားတော့တာပဲ။ ပါတီဝင်ကဒ်ပြားတွေ ပြည်သူ့ထံအလုအယက်အပ်ကြ၊ ဘက်ပြောင်းကြ၊ သာကူးကြ။ တိုင်းပြည်ရဲ့ဦးနှောက်လို့ပြောနိုင်တဲ့ ပါတီသုတေသနဌာနကြီးက စာအုပ်စာတန်းတွေလည်း လမ်းဘေးအဟောင်းဆိုင်တွေပေါ်ရောက်လိုရောက်ပေါ့။ ပျက်စီးချိန်တန်တဲ့အခါ မျက်စိရှေ့မှာပဲ တဝေါဝေါပြိုကျသွားခဲ့ကြတာတွေ သမိုင်းမှာ မျက်မြင်ကိုယ်တွေ့။ တကယ်တော့ အစိုးရတရပ် ပြုတ်ကျသွားတယ်ဆိုတာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၉ ​သောကြာနေ့ – ■ မနက်ခင်းအတွေး စားစရာထမင်း၊ ချစ်ခြင်းမေတ္တာ တဲ့။ ဘယ်လောက်လှပတဲ့ခေါင်းစဉ်ကလေးလဲ။ စွဲလန်းဖွယ်စကားပြေနဲ့ ခံစားမှုဝတ္တုတိုတွေရေးခဲ့တဲ့ သဲအိမ်မောင်နေဝါ ပဲထင်ပါရဲ့။ သူ့ရဲ့ဝတ္ထုတိုပေါင်းချုပ်ထုတ်တော့ စာအုပ်နာမည်က လည်ပင်းမှာရွှေဆွဲကြိုးနဲ့ကောင် တဲ့။ စာတွေအရေးကြဲပြီး လက်ဖက်ရည်ဆိုင်လေးနဲ့ အဆင်ပြေတဲ့အချိန် ရွှေဆွဲကြိုးလေးလည်ပင်းဆွဲမိတာကို ရေးဖော်ရေးဖက်ငတ်ဖော်ငတ်ဖက်တွေက သရော်ထေ့ခဲ့တဲ့စကားလုံးကိုပဲ သူကိုယ်တိုင် နှစ်နှစ်သက်သက် လက်ခံသုံးစွဲသွားတယ်ဆိုပါတော့။ ဒါလည်း လှတာပဲ။ ဒုတိယကမ္ဘာစစ်ပြီးတော့ အသတ်ခံခဲ့ရတဲ့ ဂျုး ၆ သန်းနဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၈ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး ဘဝကိုနှစ်ကာလနဲ့တိုင်းတာလိုသူတို့၊ သင်တို့ကြားဖူးပါစ။ နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်။ ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ သူ့စာမျက်နှာနဲ့သူရှိတယ်။ ဩဂုတ်လ ၈ ရက်ဆိုတာ ဘဝတွေအသက်တွေရင်းပြီး ဖြတ်သန်းခဲ့ရသူတွေအတွက် မမေ့နိုင်တဲ့နေ့တနေ့ပေါ့။ တိုင်းပြည်အတွက်လည်း သမိုင်းဝင်နေ့တနေ့။ အထူးတလည် ဖွဲ့စရာနွဲ့စရာမလိုတဲ့ နေ့တနေ့ဆိုလည်းဟုတ်တယ်။ မှတ်စရာက ပြိုချိန်တန်ရင် ပြိုတာပဲဆိုတာဖြစ်ပါတယ်။ ဘယ်အရာမှ အမှန်တရားထက် ပိုမခိုင်ခန့်ပါဘူး။ ဒါကို သင်ခန်းစာမယူနိုင်တဲ့သူတွေအတွက်တော့ ဘယ်လမ်းမှ ရှေ့ဆက်စရာရှိမှာ မဟုတ်ဘူး။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၆ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး လာပြန်ပြီ။ စခန်းတွေ မြို့တွေ နယ်မြေတွေဆုံးရှုံးရတာဟာ ပြည်ပနိုင်ငံတွေက ကူညီနေလို့ တဲ့။ သမိုင်းတလျောက်လုံး ဟိုလူ့လက်ညှိးထိုး၊ ဒီလူ့လက်ညှိးထိုးနဲ့ ပြဿနာရဲ့အရင်းအမြစ်ကို ရှောင်လွဲပြီး အနာတခြား ဆေးတခြားနဲ့ဖြေရှင်းရင်း ဒီအခြေဆိုက်ခဲ့တာလည်း စောက်ချိုးကမပြောင်းဘူးလို့ ပြောရပါမယ်။ တကယ့်လက်တွေ့မှာ ဟိုပြေးဒီပြေးနဲ့ ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်နေတာက ပြည့်အင်အားသည် ပြည်တွင်းမှာရှိသည်လို့ အော်ခဲ့တဲ့ သူတို့ကိုယ်တိုင်ပါ။ တကယ်တော့ ပြည်သူ့အင်အား မကိုးစားလျှင်၊ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင်ဆိုတဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၅ တနင်္လာနေ့ – ■ မနက်ခင်းအတွေး စစ်အစိုးရခေတ်အဆက်ဆက် နိုင်ငံရေးအရ ကြိုးပေးကွပ်မျက်ခံရတဲ့ လူစာရင်းကို ချပြတိုင်း ဆလိုင်းတင်မောင်ဦးကနေ ကိုဂျင်မီအထိ ကျောင်းသားခေါင်းဆောင်တွေကိုပဲ ပြေးမြင်မိကြတယ်။ ကြိုးစင်ပေါ်တက်တဲ့အထိ ဝဇီပိတ်နေထိုင်သွားတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို သိပ်ပြောလေ့မရှိကြဘူး။ သူက စနစ်ကိုပြောင်းဖို့လား၊ လူကိုလုပ်ကြံရုံလား။ စစ်အာဏာရှင်ခေတ်အမြစ်မတွယ်ခင် စောစောစီးစီး အပင်ပေါက်ဘဝမှာ နှုတ်ပစ်ဖို့ ကြိုးစားတာလား။ ပုဂ္ဂိုလ်ရေးမနှစ်သက်မှုနဲ့ ကိုယ့်လူကိုယ်တင်ဖို့ကြိုးစားတာလား။ သေချာတာကတော့ အထမမြောက်တဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဆိုတာပါပဲ။ တနေ့ကပဲ ဟားမက်စ်ခေါင်းဆောင် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

The Call ရဲ့ မနက်စာ” -၂၀၂၄ ​သြဂုတ် ၂ ​သောကြာနေ့ – ■ မနက်ခင်းအတွေး သောကြာနေ့မနက် အိပ်ယာထလျှင်ပင် လူက လန်းဆန်းနေတတ်သည်။ ဖုန်းတွေ မက်ဆေ့တွေကလည်း အရင်နေ့တွေကထက် ပိုလို့ ဆူညံနေသည်။ ညနေ ဘယ်မှာဆုံကြမှာလဲ။ နောက်မကျစေနဲ့နော်။ အိမ်ပိုင်အောင်တခါတည်းလုပ်ခဲ့ စသဖြင့်။ ခြေလှမ်းတွေက သွက်နေသည်။ ဒီတပတ်တာအတွက် ဒီနေ့က နောက်ဆုံးအလုပ်လုပ်ရက်မဟုတ်လား။ ညနေ ရုံးကဆင်းသည်နှင့် စိတ်ကို လေထဲလွှင့်ပစ်လိုက်မည်။ တွေ့ကြဆုံကြ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​သြဂုတ် ၁ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး အရိုင်းဆန်မှုဟာ မနက်ခင်းတခုလုံးကို စိုစွတ်စေတယ်။ သစ်ပင်အုပ်အုပ်တွေကြားမှာမြုပ်နေတဲ့ အိမ်ခေါင်မိုးတွေရဲ့အလွန် ဟိုးအဝေးမှာတော့ တောင်တန်းတွေက လွင့်မျောနေလေရဲ့။ ခေါင်မိုးပျောက်နေတဲ့ ကြောင်တွေလို မိုးတိမ်တွေဟာ တိတ်ဆိတ်စွာပဲ ပြာယာခတ်နေကြတယ်။ အုတ်တံတိုင်းရဲ့အစွန်းမှာ ဆိုလာမီးအိမ်လေးဟာ နေ့ကို အိပ်ယာပြုနေပေါ့။ အမှောင်လာမှ သူက လင်းရမယ့်သူပဲလေ။ ဖန်တီးတယ်ဆိုတာ ရှိနေတဲ့အရာတခုရဲ့ အရှိနောက်ကိုလိုက်တာပဲ။ မြင်နေတဲ့အရာရဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၃၁ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ရန်သူကို အနားမပေးနဲ့ တဲ့။ ၃ နှစ်နီးပါးလုံးလုံး အနားမပေးခဲ့ဘဲ ဘက်ပေါင်းစုံက အဆက်မပြတ်တိုက်ခိုက်နေခဲ့လို့ ဒီအခြေအနေရောက်လာတာပဲ။ ကံကောင်းတာက ရန်သူက သူ့အခြေအနေမှန်ကို နားမလည်နိုင် လက်မခံနိုင်ဖြစ်နေတော့ မှန်မှန်ကန်ကန် မတုန့်ပြန်နိုင်ဘူး။ အမှားပေါ် အမှားတွေပဲဆင့်နေတယ်။ သူတို့လုပ်တတ်တာကိုပဲ မပြောင်းမလဲ တစိုက်မတ်မတ်လုပ်တယ်။ အခြေအနေက ရင့်မှည့်သွားရင် အချိန်ကိုဝယ်လည်း […]