ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၁၂ ​​သောကြာနေ့ – ■ မနက်ခင်းအတွေး အတွေးတွေက ဘယ်တော့မှ တထပ်တည်း မကျနိုင်ပါဘူး။ အတွေးမတူလို့လည်း နင့်နင့်သည်းသည်း ပြောစရာအကြောင်း မရှိသလို အတွေးတူလို့လည်း ဂုဏ်မောက်စရာ မရှိပါဘူး။ တခါတလေ အတွေးဗလာလည်း ဖြစ်နိုင်တာပါပဲ။ ဗလာတော့လည်း ဗလာပေါ့။ အမြဲတမ်း ပြည့်နေဖို့မှ မလိုတာဘဲလေ။ အတွေးရှိခြင်း မရှိခြင်းထက် ရှိတဲ့အတွေးက အနှစ်သာရပြည့်ဖို့ လိုတာပါပဲ။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၁၀ ​ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး လူတယောက်က အခြားတယောက်ကို ပျော်စေချင်တာ မကောင်းဘူးလား။ ပျော်ရွှင်မှုဆိုတာ လူတယောက်ရဲ့ အနိမ့်ဆုံးလိုအပ်ချက် မဟုတ်ဘူးလား။ ဘဝရဲ့ အနက်အဓိပ္ပါယ်တခုလို့ ပြောမယ်ဆိုရင်တောင် လွန်အံ့မထင်။ အားလုံးကိုပျော်စေချင်တာ ကိုယ့်အားနည်းချက် ဆိုတဲ့ သီချင်းကလေးတောင် လူကြိုက်များခဲ့ဖူးတာပဲ။ ကလေးတွေအသွားချင်ဆုံးကလည်း ပျော်စရာကမ္ဘာ ဟက်ပီးဝေါပဲပေါ့လေ။ ဒါပေမဲ့ ပြန်ပေးဆွဲခံထားရသလို၊ အကျဉ်းချခံထားရသလို ဖိနှိပ်သူရဲ့အရိပ်မည်းကြီးအောက်မှာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၉ ​အင်္ဂါနေ့ – ■ မနက်ခင်းအတွေး မတရားမှုက နေရာတိုင်းမှာ ဖြစ်နေတာလား။ မတရားမှုက ဒီကမ္ဘာလောကကြီးရဲ့ ပုံမှန်အလေ့အထတခုလား။ မတရားမှုဟာ ဘယ်သူမှလက်မခံသည့်တိုင် အောင်ပွဲခံနေဆဲလား။ မတရားမှုဟာ လူကြီးလူကောင်းယောင်ဆောင်တယ်။ နတ်ဒေဝတာယောင်ဆောင်တယ်။ ထီးဟန်နန်းဟန်တွေနဲ့ မဟာဆန်တဲ့ အခါတွေတောင် ရှိသေးတယ်။ မတရားမှုမှာလည်း သူ့သရဖူနဲ့သူလို့ ဆိုရလေမလား။ မတရားမှုဟာ လွှတ်တော်ထိုင်ခုံတွေပေါ်က မတ်တပ်ထရပ်တယ်။ မတရားမှုဟာ တင့်ကားချိန်းကြိုးကြီးတွေကြားမှာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၈ ​တနင်္လာနေ့ – ■ မနက်ခင်းအတွေး ‘အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဖြိုဖျက်လို့မရနိုင်ဘူး’ ဆိုတဲ့ အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့စကားလိုပဲ ၆၂ က စခဲ့တဲ့ သွေးမတိတ်တဲ့ သမိုင်းအနာပေါ်မှာ ၆၂ နှစ်ကြာခဲ့တဲ့အခါ ရှစ်ဆယ့်ရှစ်စိတ်ဓာတ်၊ နွေဦးစိတ်ဓာတ်တွေနဲ့ လူထုရဲ့တော်လှန်ရေးလှိုင်းဟာ ဒီကနေ့တွေ့မြင်နေရတဲ့အတိုင်း မြင့်မားပြင်းထန်လာခဲ့တယ်။ ဖက်ဆစ်သန္ဓေမှာ မိုက်ရိုင်းကြီးထွားလာခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာလည်း အခုအချိန်မှာတော့ ဝိုင်းရိုက်ခံထားရတဲ့မြွေတကောင်လို ပျော့ခွေနေပြီ။ အဲဒါဟာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​ဇူလိုင် ၅ ​သောကြာနေ့ – ■ မနက်ခင်းအတွေး ရှေ့တန်းက စစ်သားလေးတယောက်က သူ့အဖေဆီစာရေးတယ်။ အမှန်တရားအတွက် အသက်စွန့်တာမှာ ကျနော်ဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ပါဘူးအဖေတဲ့။ ဖခင်ဖြစ်သူကိုနှစ်သိမ့်ရင်း သူ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာပြောဆိုသွားတာပါ။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူဟာ ဒုတိယကမ္ဘာစစ်ပွဲကြီးက ဂျာမန်နာဇီစစ်သားလေးတယောက်ဖြစ်နေတာပါပဲ။ ဥရောပတိုက်တခုလုံးကို မီးဟုန်းဟုန်းတောက်အောင်နယ်ချဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးတိုင်ကျုးလွန်ခဲ့တဲ့ ဖက်ဆစ်စစ်သားလေးတယောက်က သူဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတာလို့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​ဇူလိုင် ၄ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး စစ်ပွဲသတင်းတွေကို သတင်းကောင်းလို့ပြောရတာ နည်းနည်းတော့ ကသိကအောင့်နိုင်ပါတယ်။ အခုလို အကြမ်းဖက်ဖိနှိပ်နေတဲ့ ဖက်ဆစ်တပ်ကို တော်လှန်တိုက်ခိုက်စစ် ဆင်နွဲနေတဲ့အချိန်မှာတော့ ရန်သူကို တိုက်တဲ့စစ်ပွဲတွေဟာ အဖိနှိပ်ခံပြည်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ များများတိုက်နိုင်လေ၊ အောင်ပွဲတွေဆွတ်ခူးနိုင်လေ ရောင်နီကို လှမ်းမြင်ရလေပဲ မဟုတ်လား။ တဖက်မှာတော့ တိုက်ပွဲတွေပြင်းထန်လာလေ ထိခိုက်ပေးဆပ်မှုတွေက အရင်ထက်များလာလေပါပဲ။ လူလူချင်းတိုက်ရတဲ့စစ်လေ။ ကိုယ့်ဘက်ကပေးထားရတာက လူကောင်းသူကောင်းလေးတွေ။ အနာဂတ်တခုအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အများအတွက် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​ဇူလိုင် ၃ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ယူကရိန်းမှာလည်း စစ်ဖြစ်နေတယ်။ မြန်မာပြည်မှာလည်း စစ်ဖြစ်နေတယ်။ ယူကရိန်းစစ်ပွဲက တကမ္ဘာလုံး သည်းသည်းလှုပ်ပဲ။ ယူကရိန်းစစ်ပွဲအနိုင်အရှုံးက ကမ္ဘာကြီးအတွက် အဆုံးအဖြတ်တခုလိုဖြစ်နေတာ။ တကယ်လည်း ဒီနေ့ကမ္ဘာကြီးရဲ့အခင်းအကျင်းကို တိုက်ရိုက်ကော သွယ်ဝိုက်ပါ ထိခိုက်စေမှာ သေချာတာကို။ မြန်မာပြည်ကစစ်ပွဲတွေကတော့ တိုင်းပြည်တပြည်ရဲ့ မတည်ငြိမ်မှုလောက်ပဲ သဘောထားကြပုံရတယ်။ အနိုင်အရှုံးက ဒေသအဆင့်လောက်တော့ အနည်းငယ်လှုပ်ခတ်နိုင်ပေမဲ့ ကမ္ဘာကြီးအတွက်တော့ အနေသာကြီးပေါ့လေ။ ဒါပေမဲ့ သေတာတွေ သတ်တာတွေ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​ဇူလိုင် ၂ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး အိမ်ရှင်တွေက မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင်လုံလုံလောက်လောက်ဝင်အောင် မှန်ပြတင်းအကျယ်ကြီးတွေကို သုံးထားတယ်။ ခြံခတ်ထားတဲ့တံတိုင်းကလည်း သိပ်မမြင့်တော့ မီးဖိုချောင်မှာ တခုခုလုပ်နေရင်း ဘေးခြံအလွတ်ကတဆင့် တဖက်အိမ်ကို လှမ်းမြင်နေရတယ်။ ကုန်းမြင့်ဆင်ခြေလျောမှာ တည်နေတာမို့ သူတို့အိမ်က အမြင့်ပိုင်းရောက်နေတာလည်းပါမယ်။ မနက်က အမှတ်တမဲ့ လှမ်းအကြည့်မှာ အဲဒီအိမ်ရဲ့ ဘေးခြံအုတ်တံတိုင်း အလွှာလိုက် ပြိုလဲကျနေတာတွေ့လိုက်ရတယ်။ ကွန်ကရစ်ပါးပါးအောက်က အောက်ခံမြေသားကိုပဲ မြင်နေရတယ်။ အသဲယားစရာပါပဲ။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​ဇူလိုင် ၁ ​တနင်္လာနေ့ – ■ မနက်ခင်းအတွေး ဇွန်လဟာ ဇွန်လပါပဲ။ အမှန်တရားရဲ့မြားတံတွေလို မိုးရေစက်တွေက သဲသဲမဲမဲရွာသွန်းခဲ့တယ်။ ရှစ်ခွင်လုံးမှာ မှိုင်းမှုန်ခဲ့တယ်။ သံမဏိအမယ်အိုဟာ လူထုနှလုံးသားထဲမှာ နီရဲမွှေးပျံ့နေတုန်းပဲ။ အောင်ဇေယျအလံထူပြီး ယိုးဒယားနယ်စပ်ကိုချီတက်အံ့ဆိုတဲ့ ဖက်ဆစ်စစ်ကြောင်းဟာ ဒေါနတောင်တန်းပေါ်မှာ သူတို့သင်္ချိုင်းကို ရှာတွေ့ခဲ့ကြတယ်။ ရွှေဈေး ဒေါ်လာဈေးတွေက ပြည်သူ့ထမင်းအိုးကိုမှောက်ခဲ့တဲ့ အာဏာလုအကြမ်းဖက်တပ်ကို လည်မျိုညှစ်ခဲ့တယ်။ သာသနာ့ခေါင်းဆောင် ရဟန်းမြတ်တပါးကို သာသနာ့ဒါယကာကြီးအမည်ခံသူရဲ့ ဘာသာ သာသနာခေါင်းစီးတပ်ထားတဲ့ အကြမ်းဖက်တပ်က လမ်းမပေါ်မှာ […]