ခေါ်သံရဲ့မနက်စာ

စာဖတ်ပရိသတ်များသို့ ပန်ကြားလွှာ

– စာဖတ်ပရိသတ်များသို့ ပန်ကြားလွှာ – အပတ်စဥ် တနင်္လာ​မှ ​သောကြာ​အထိ ၅ ရက်တိုင်တိုင် မနက်ခင်းတိုင်း အတတ်နိုင်ဆုံး မပျက်ယွင်းရ​အောင် အားစိုက်​ဖော်ပြခဲ့သည့် “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်း၏ ‘ခေါ်သံရဲ့ မနက်စာ’ ကဏ္ဍအား ​စောင့်​မျှော်ဖတ်ရှုအား​ပေးကြသည့် မနက်စာပရိသတ် အခိုင်အမာရှိသည်ကို ​နယ်ပယ်အနှံ့ ​နေရာ​ပေါင်းစုံမှ ပြန်လည်ကြားသိရသည့်အတွက် မိမိတို့ The Call ဝိုင်း​တော်သူ၊ ဝိုင်း​တော်သားများအ​နေဖြင့် များစွာအားတက် ဝမ်း​​မြောက်ရပါသည်။ ‘​ခေါ်သံရဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၉ ​သောကြာနေ့ – ■ မနက်ခင်းအတွေး ခေါ်သံတစုံတရာကို မျှော်လင့်ခဲ့ဖူးပါသလား။ ဒါမှမဟုတ် ခေါ်သံတွေကို ကြောက်ရွံ့ခဲ့ဖူးပါသလား။ ခေါ်သံဆိုတာ အခန်းတံခါးကို ကြားနိုင်ရုံ ခေါက်လာမဲ့ အသံလေးတခုလည်း ဖြစ်နိုင်သည်။ တယ်လီဖုန်းကတဆင့် ကြားနိုင်သည့် သတ္တုသံရောနေသောအသံတိုးဖွဖွတခုလည်း ဖြစ်နိုင်သည်။ ကွန်ပျူတာမျက်နှာပြင်က အီးမေးစာသားတခုလည်း ဖြစ်နိုင်သည်။ ဟိုးအရင်တုံးကဆိုရင်တော့ သံချေးရောင်ထနေတဲ့ စက်ဘီးအိုလေးကို လေးလေးတွဲ့တွဲ့နင်းလာတဲ့ သျှာထိုးဦးထုပ်ဆောင်းထားသော အဘိုးအိုတဦးဆီကလည်းဖြစ်နိုင်သေးသည်။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၈ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး နေထွက်နေကြအရပ်ဘက် မျက်နှာမူပြီး သေချာကြည့်တော့ ပုဇွန်ဆီရောင်တောက်နေတဲ့ တိမ်သားကွက်ကွက်ကိုပဲ လှမ်းတွေ့ရတယ်။ နေဟာ တိမ်သားထူထူကို တိုးမပေါက်ဖြစ်နေရှာတယ်။ သူ့မျက်နှာကို ကမ္ဘာမြေရဲ့မနက်ခင်းဆီ ပြည့်ပြည့်ဝဝ ပေးပို့ခွင့်မရရှာဘူး။ ဒါပေမဲ့ ဆောင်းမနက်ခင်း အေးစိမ့်စိမ့်လေထုထဲမှာ နေရဲ့ ကိုယ်ငွေ့အနွေးဓာတ်လေးကို မသိမသာလေး ခံစားထိတွေ့ခွင့်ရနေတာတော့ အမှန်ပဲ။ ဒီအနွေးဓာတ်လေးက ရင့်မှည့်လာတဲ့မနက်ခင်းနဲ့အတူ တဖြည်းဖြည်း […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၇ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး မနက် အိပ်ရာထချိန်ရောက်လို့ မျက်လုံးမဖွင့်နိုင်သေးခင်မှာ အပြင်က ငှက်ကလေးတွေရဲ့ တီတီတျာတျာ အသံတွေ အရင်ကြားရမယ်… မျက်လုံးဖွင့်လိုက်ရင် ပြူတင်းပေါက်က ဝင်နေတဲ့ အလင်းရောင်ကို မြင်ရမယ်… ပြီးရင်တော့ ဖုန်းကိုဖွင့်၊ ကိုယ်အိပ်နေချိန် ဖြစ်ပျက်ခဲ့သမျှ သတင်းတွေ ကို စကြည့်ပြီး မနက်ခင်းတိုင်းကို စဖြစ်တာပါပဲ။ ဒီနေ့ကျတော့ ဘယ်သတင်းကိုမှ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ”-၂၀၂၄ ​​နိုဝင်ဘာ ၂၆ အင်္ဂါနေ့ –■ မနက်ခင်းအတွေးစစ်တပ်က တိုင်းပြည်ကို ချစ်သတဲ့လား … အမျိုး ဘာသာ သာသနာကို ကာကွယ်သတဲ့လား … အချုပ် အခြာအာဏာကို ကာကွယ်သတဲ့လား … တိုင်းပြည်လူထု သာယာဝပြောအောင် လုပ်ပေးသတဲ့လား …အဲဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ ‘နိုး’ ပါ။ စစ်တပ်ဟာ တိုင်းပြည်မပြောနဲ့ ဘယ်သူ့ကိုမှ မချစ် ပါဘူး။ နောက်ဆုံး သူတို့အချင်းချင်းတောင် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၅ ​​​တနင်္လာနေ့ – ■ မနက်ခင်းအတွေး မနေ့ညက ဝယ်စရာတခုရှိလို့ အပြင်သွားရင်း လမ်းမကြီးတလျောက် ဆင်ယင်ထွန်းညှိထားသည့် မီးအလှပန်းဆိုင်းတွေကိုကြည့်ကာ ပွဲတော်တွေ တခုပြီးတခုဆက်နေသည့် တစိမ်းမြို့ကလေးကို ရင်သပ်ရှုမောနေမိသည်။ တကယ်ဆို အခုအချိန်ဟာ ကိုယ့်တိုင်းပြည်မှာလည်း ပွဲတော်ချိန်မဟုတ်လား။ ကောက်ပဲသီးနှံတွေပေါ်ချိန် မိုးလေကင်းချိန် ဘုရားပွဲတွေ၊ ရိုးရာပွဲတွေ၊ ဒေသပွဲတွေနဲ့ တခြိမ်းခြိမ်းဖြစ်နေခဲ့ကြရမည့်အချိန်ပဲလေ။ မိသားစုအလိုက် ပျော်ပျော်ပါးပါး မော်တော်ကားတွေစီးပြီး နိုင်ငံအနှံ့လည်ပတ်ကြရမည့် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၂ ​​​သောကြာနေ့ – ■ မနက်ခင်းအတွေး ဒီအချိန်ကို အကြိုက်ဆုံးပဲ။ ခြံတဖက်က အိမ်ကလေးရဲ့ တံစက်မြိတ်အလွန် ဒန့်သလွန်ပင်အခက်အရွက်တွေကြားကနေ ပန်းနုနှင်းဆီသွေးနဲ့ မနက်နေရောင်တွေ တိမ်အနားစွန်းတလျောက် တဖြည်းဖြည်းထိုးဖောက်လွှမ်းခြုံလာနေပုံကို အသက်ဝဝရှုသွင်းရင်း ငေးမောဆီးကြိုခွင့်ရတဲ့ အခိုက်အတန့်လေး။ အမျိုးစုံတဲ့ငှက်သံလေးတွေကလည်း တကျီကျီတကျာကျာ။ ကားသံလူသံတွေကတော့ ရပ်ကွက်လမ်းကြားလေးထဲအထိ တိုးဝင်ရောက်ရှိမလာသေး။ ခြံရှေ့တန်းလျားလေးက အခန်းတံခါးတွေလည်း နိုးထမလာကြသေး။ ဒီအချိန်မှာပဲ နှင်းမှုံအေးအေးမှာကွေးနေသည့် ခွေးတကောင်က […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၁ ​​ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး The world is stage We are players ဆိုသည့် အဆိုအမိန့်တခုကို ငယ်ငယ်ထဲက ကြားဖူးထားသော်လည်း အဓိပ္ပါယ်အစစ်အမှန်ကို ကြီးလာမှ ခံစားတတ်လာသည်။ ဘဝဆိုတာ မလိုချင်တာက ၇၀ ရာခိုင်နှုန်း၊ လိုချင်တာက ၃၀ ရာခိုင်နှုန်းနဲ့ သွားနေတာလို့ ဆရာတယောက်က ပြောဖူးသည်။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၀ ​​ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ဒီနေ့ဟာ The Call နှစ်နှစ်ပြည့် မွေးနေ့ပါ … Happy Birthday ပါ The Call … လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုရက်မတိုင်ခင်မှာ အခုလို အွန်လိုင်းမဂ္ဂဇင်းတခုလုပ်ဖို့ စပြီး တိုင်ပင် ခေါင်းချင်း ရိုက်ကြ… စမ်းတဝါးဝါး ပုံဖော်ကြ… လုပ်ချင်တဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၁၉ ​​အင်္ဂါနေ့ – ■ မနက်ခင်းအတွေး တန်ဆောင်မုန်းလပြည့်နေ့ညက ပံ့သကူကောက်ရင်း နည်းအမျိုးမျိုးနဲ့ ထိခိုက် ဒဏ်ရာရ သေဆုံးကြတဲ့ သတင်းတွေကို ဖတ်ရတော့ ကြည့်ခဲ့ဖူးပြီး စွဲနေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတခုထဲက အမှတ်ရရ ရှိနေတဲ့ စကားတခွန်း ခေါင်းထဲမှာ ဒီရက်ပိုင်း ထပ်ခါတလဲလဲ ပေါ်လာနေတယ်။ ရုပ်ရှင်နာမည်က ‘Emancipation’။ အမေရိကန်မှာ ကျွန်စနစ်ရှိခဲ့တဲ့ ကာလတခုတုန်းက […]