ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၁၈ ​​တနင်္လာနေ့ – ■ မနက်ခင်းအတွေး မနက်လင်းတော့ ငိုသံနဲ့စတယ်။ မျက်နှာချင်းဆိုင်တန်းလျားက လူတယောက် ညကဆုံးသွားတယ် တဲ့။ ရင်ဘတ်အောင့်တယ်ဆိုပြီး ဆေးရုံကားခေါ်တယ်။ ဆေးရုံကားက နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတယ်။ ဆေးရုံရောက်တော့ အသက်မမီတော့ဘူး။ အခုတော့ ရင်ခွဲရုံမှာ။ ဗုံးကြဲခံရတာလည်းမဟုတ်၊ ချောင်းပစ်ခံရတာလည်းမဟုတ်။ ညကပဲ စက်ဘီးကလေးနဲ့အပြင်ထွက်ပြီး တခုခုသွားဝယ်တာ တွေ့တဲ့သူက တွေ့လိုက်သေးတယ်။ သေခြင်းတရားက […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၃၀ တနင်္လာနေ့ – ထားလိုက်ပါ။ ဘယ်အရာတွေမှ ပထမဆုံးလည်းမဟုတ်သလို နောက်ဆုံးလည်း ဟုတ်မနေဘူး။ တချိန်တုန်းက တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်ခဲ့တယ်။ အခုတော့ တိုက်ပွဲရဲ့အပြင်မှာ သူ့အိပ်မက်ကလေးတွေကို နေထုတ်လှမ်းနေမယ်။ သူ့ခြေအိတ်အဟောင်းကလေးကို အပေါက်ဖာချင်ဖာနေမယ်။ နွမ်းလို့ကြွေသွားတဲ့ပန်းတွေအတွက် အပင်မှာ လွမ်းခွင့်ရှိတယ်မဟုတ်လား။ ဒါပေမယ့် ပွင့်နေတဲ့ပန်းတွေရဲ့ သင်းရနံ့ကို ပြက်ရယ်တော့မပြုကောင်းဘူး။ သူတို့ရဲ့တောက်ပတဲ့အသွေးအရောင်ကို အပြစ်မတင်ထိုက်ဘူး။ ငါတို့ရဲ့မနက်ခင်းတွေကသာ ချစ်သူတွေကို ရယ်မောစေခဲ့တယ်လို့ မဝင့်ကြွားသင့်ဘူး။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၂၇ ​သောကြာနေ့ – ■ မနက်ခင်းအတွေး မနက်မိုးလင်းတာနှင့် ယူကျု့က တရားခွေတွေ တန်းစီဖွင့်သည်။ လူကတော့ ရေအိမ်ဝင်လိုက်၊ ညကပန်းကန်တွေဆေးလိုက်၊ ခြံထဲဆင်း တံမြက်စည်းလှဲလိုက်နှင့် လုပ်စရာရှိတာတွေ လျှောက်လုပ်နေသည်။ အားလုံးပြီးတော့ လမ်းထိပ်မှာတခုခုသွားဝယ်ဖို့ ဆိုင်ကယ်လေးနှင့်ထွက်သွားပြန်သည်။ မေတ္တာသုတ်တွေ၊ အန္တရယ်ကင်းဂါထာတွေ၊ လာဘ်ခေါ်ကပ်ကျော်သီချင်းတွေကတော့ မရပ်မနား။ သူ့စိတ်ကူးနှင့်သူဆိုတော့လည်း ကိုယ်မကြိုက်တာလေးနှင့် အပြစ်သွားပြောလို့မရ။ မနက်စောစော အော်ဟစ်ကြိမ်းမောင်းဆဲဆိုသံတွေနှင့် နိုးထတတ်သည့် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၂၆ ကြာသပ​တေးနေ့ – နေခြည်လင်းပွင့်တာမြင်လိုက်ရင် စိတ်က ကြည်လင်သွက်လက်သွားတယ်။ စိုစွတ်အေးမြတဲ့လေလေးကတိုးဝင်လာရင် လူကောစိတ်ကောလန်းဆန်းသွားတယ်။ တိတ်ဆိတ်သွေ့ခြောက်နေတဲ့ ခြံထဲဆင်းလာတဲ့အခါ လူဟာ တစုံတခုကိုသတိရသလိုလို အထီးကျန်မိပြန်တယ်။ မနက်ခင်းတွေဟာ တနေ့နဲ့တနေ့ ဆင်တူတာတွေရှိတယ်။ ကွဲလွဲတာတွေရှိတယ်။ လုံးဝခြားနားတာတွေရှိတယ်။ ဘယ်လိုမနက်ခင်းဖြစ်ဖြစ် ညအိပ်ရာထဲက လူးလွန့်နိုးထလာတဲ့လူတယောက်ကို ကြိုဆိုတဲ့အငွေ့အသက်လေးတွေတော့ ရှိနေသင့်တယ်မဟုတ်လား။ တခါတလေ ငှက်သံလေးတွေကို ဂရုတစိုက်နားထောင်ဖြစ်တယ်။ အမှတ်တမဲ့ကြားလိုက်ရတဲ့အသံတခုနောက်ကို ငေါက်ကနဲကောက်ပါသွားတဲ့စိတ်ကလေးကိုလည်း ကမန်းကတမ်းလိုက်သိမ်းရတဲ့အခိုက်အတန့်တွေလည်း […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၂၅ ဗုဒ္ဓဟူးနေ့ – ဝဋ်နာ ကံနာလို ချစ်ရတဲ့ ကိုယ့်ရဲ့ မွေးဇာတိ ရွှေပြည်ကြီးမှာ နေရာတကာ စံလွဲနေတယ်လို့ တွေးမိတာ မကြာခနပါပဲ။ အရင်ကလည်း အဲဒီအကြောင်း ရေးခဲ့ဖူးပါတယ်။ အခုလည်း ထပ်ရေးမိပြန်ပြီ။ ထပ်ခါထပ်ခါ ရေးမိနေတာကိုကပဲ ဝဋ်နာ ကံနာလား မပြောတတ်ပါဘူး။ ဝဋ်နာ ကံနာဆိုလည်း နာပေရော့ပဲ၊ ကိုယ်မှ ပစ်ချမထားလိုက်နိုင်တာ။ စံလွဲချက်ကတော့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၂၄ အင်္ဂါနေ့ – ဝေဖန်ထောက်ပြတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဝေဖန်ရေးကနေ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်း၊ အဲဒီထက်ပိုချဲ့ရင် ကိုယ့်နိုင်ငံ စသည်အားဖြင့် အဆင့်တိုင်းမှာ သိပ်ကို လိုအပ်တဲ့ကိစ္စပါ။ ဝေဖန်ရေးမရှိရင် ‘အားလုံးကောင်းပါသည် ဆရာကြီး’ ဆိုတာမျိုးဖြစ်ပြီး ဘာ တိုးတက် ပြောင်းလဲမှုမှ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လို ဝေဖန်တာလဲဆိုတာတော့ အလေးထား […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

The Call ရဲ့ မနက်စာ -၂၀၂၄ ​စက်တင်ဘာ ၂၃ တနင်္လာနေ့ – ရေမြေလေမီး ဓာတ်ကြီးလေးပါးဟု ပြောရိုးရှိသည်။ လောကအလုံးစုံရှိ သက်ရှိသက်မဲ့တွေအားလုံး ဒီဓာတ်ကြီးလေးပါးက ပေါက်ဖွားလာကြတာဟု ဆိုနိုင်သည်။ လောကကို စောင့်ရှောက်ထားတာလည်း ဒီဓာတ်ကြီးလေးပါးပဲဖြစ်သည်။ သည်တော့ကာ ဒီဓာတ်ကြီးလေးပါး ညီညွတ်နေဖို့လိုသည်။ မဖောက်မပြန်ရှိနေဖို့လိုသည်။ ဓာတ်ကြီးတပါးပါး ထဖောက်ပြန်တာနှင့် လူတွေမှာ ကပ်ကြီးဆိုက်ကြရတော့သည်။ မုန်တိုင်းတိုက်တာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ ပင်လယ်ဒီလှိုင်းတက်တာ၊ မီးတောင်ပေါက်တာ၊ မိုးခေါင်ရေရှားတာ၊ အပူလှိုင်းအအေးလှိုင်းကျတာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၁၈ ဗုဒ္ဓဟူးနေ့ – သွားလေသူ အဖိုး ပြောသွားတာလေး မကြာခဏ အမှတ်ရမိတယ်။ “စစ်တပ်က သနပ်ခါးလိမ်းတာ သိပ်ကြိုက်တာကွ” တဲ့။ “အပေါ်ယံ ရွှေမှုန်ကြဲ ဟန်လုပ်ပြတာလောက်ပဲ စိတ်ဝင်စားတဲ့ကောင်တွေ” တဲ့။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးဆိုတာကို အကြောင်းပြပြီး ပုဂ္ဂလိကလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အောင်မြင်နေတဲ့ မိသားစုလုပ်ငန်းလေး အသိမ်းခံရမှာ စိုးလို့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၇ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ဗုဒ္ဓဘာသာဝင်တွေအတွက် ရန်သူမျိုး ငါးပါးဆိုတဲ့ ဗုဒ္ဓရဲ့ ဟောကြားသင်ပြချက်တခု ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုပေမယ့် ဒါကို မြန်မာနိုင်ငံက လူအားလုံးလိုလို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေနိုင်ပါတယ်။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ” ဆိုတာမှာ မူကွဲတခုအနေနဲ့ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး” လို့လည်း တွေ့ရပါတယ်။ ဒီနေရာမှာတော့ ပိုရင်းနှီးပြီးသားဖြစ်တဲ့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၆ ​တနင်္လာနေ့ – ■ မနက်ခင်းအတွေး ထုံးစံအတိုင်းပေါ့လေ။ အားလုံးပြီးမှ ရဲရောက်လာတယ်ဆိုသလိုပေါ့။ နွံဖုံး ရေမျောတဲ့သူတွေရဲ့ ငိုသံအော်သံတွေ ဆက်မထွက်နိုင်တော့တဲ့အချိန်ကျမှ ပီးပေါ်ပီးပေါ်နဲ့ အရေးပေါ်ကားတန်းကြီးတွေ ဆင်းချလာကြ။ ပရိုကင်မရာကြီးတွေထမ်းပြီး လမ်းပေါ်တင်ကျန်ခဲ့တဲ့ ရွှံ့ရေစပ်စပ်မှာ ဘဲသွားသွားပြကြ။ တံတားပေါ်ကနေ အောက်ကချောင်းရေစီးကို ရီဝေမှုန်မှိုင်းနဲ့အကြည့်နဲ့လှမ်းမျှော်ငေးရင်း သမိုင်းရေစီးထဲမှာ တနေ့ကျရင် ငါလည်းအမှိုက်လေးတစလို မျောပါရမှာပါလားလို့ တွေးများတွေးတတ်ခဲ့ရင်။ တယောက်က နိုင်ငံတကာအကူအညီတွေ တောင်းခံရမယ်တဲ့။ တယောက်က မီဒီယာတွေ ပါးစပ်ဆော့လို့ […]