မနက်ခင်းအတွေး
-၂၀၂၄ စက်တင်ဘာ ၁၃ သောကြာနေ့ – ■ မနက်ခင်းအတွေး မနေ့ကတနေ့လုံး လိုင်းပေါ်က ရေဘေးဒုက္ခတွေကြည့်ပြီး စိတ်ပင်ပမ်းခဲ့ရသည်။ ညနေဖက်ရောက်တော့ ကိုယ်နေသည့်နေရာမှာ ရေမလာတော့။ ပန်းကန်ဆေးလို့မရ၊ ရေအိမ်ဝင်လို့မရနှင့် ကိုယ်တွေပါ ရေဘေးဒုက္ခသည်ဖြစ်သွားသည်။ ဒီမှာလည်း မိုးက ဆက်တိုက်ရွာသည်။ တမြို့လုံးကို ရေပေးဝေသည့် တောင်ပေါ်ကဆည်ကလေးမှာလည်း အခုအချိန်ဆို ရေပြည့်နေလောက်ပြီ။ ရေထိန်းရခက်လာသည့်အခါ ဒီမှာလည်း တခါတလေ ဆည်ကိုရေဖောက်ချတတ်သည်။ ကြိုတော့ပြောကြသည်။ အခုတော့ ဘယ်နှယ့်ကြောင့် ဒီအချိန်ကြီးကျမှ ရေကပြတ်ရသည်မသိ။ […]