ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၈ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး မနက်ခင်းဆိုပေမဲ့ လေထုချင်းက မတူ။ မြို့ပြအနံ့အသက်နှင့် ကျေးလက်လတ်ဆတ်မှုက အိပ်ရာကနိုးလာသူတဦးကို စိတ်ခံစားမှုတွေ ကွဲပြားစေသည်။ တနေ့တာအတွက် စောင့်ကြိုနေသည့် ဘဝရဲ့စိန်ခေါ်ချက်တွေကလည်း ကွာခြားသည်။ အားလုံးကို ခဏတာလွှတ်ချပြီး လာခဲ့သူတဦးမှာတောင် ချန်ထားခဲ့လို့မရသည့် စိတ်ရဲ့ တိုလီမုတ်စတွေက တနင့်တပိုးမဟုတ်တောင် အနည်းနဲ့အများတော့ ယူဆောင်လာခဲ့ရသေးသည်ဟု ဆိုရမည်။ ကန့်လန့်ကာတွေအကုန်ချထားသည့် ပြတင်းပေါက်ကနေ အသာလှပ်ကြည့်တော့လည်း အပြင်မှာ ပြတင်းပေါက်တွေကိုပဲ ထပ်တွေ့ရသည်။ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၇ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ခရီးသွားရတာ ကောင်းတယ်။ စိတ်ကိုလန်းဆန်းစေတယ်။ အလုပ်မှာ အိမ်မှာ ယုတ်လျော့ကျဆင်းနေတဲ့စိတ်ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးတယ်။ ချစ်သူလင်မယားတွေဆိုလည်း ချစ်ခင်ကြင်နာမှုတွေ ပိုပြီးစိမ်းလန်းစိုပြေလာစေတယ်။ အတွေ့အကြုံသစ်တွေ အတွေးအမြင်သစ်တွေလည်း ရလာနိုင်တယ်ပေါ့လေ။ ဒါကြောင့် တချို့က ခရီးသွားရတာကို နှစ်သက်စွဲလန်းနေတတ်ကြတယ်။ လေးစားရတဲ့ စာရေးဆရာကြီးတဦးဆို နှစ်တိုင်းခရီးထွက်တယ်။ ပြန်လာတိုင်းလည်း ခရီးသွားဆောင်းပါးရှည်ကြီးတွေကို ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ရေးလေ့ရှိတယ်။ ဆရာ့ဆောင်းပါးကိုဖတ်ရင်း ငါလည်း အသက်ကြီးရင် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၆ တနင်္လာနေ့ – ■ မနက်ခင်းအတွေး လူသတ်တာဟာ မကောင်းဘူးဆိုတာ လူ့အခြေခံစည်းမျဉ်းပဲ။ သူ့အသက်ကိုသတ်တာ အကုသိုလ်လို့သတ်မှတ်ထားတာလည်း ဘာသာရေးရဲ့ အရေးကြီးတဲ့ တားမြစ်ချက်ပဲ။ တပြိုင်တည်းမှာ သေဒဏ်ပေးတာဟာလည်း ဥပဒေရဲ့အမြင့်ဆုံးအခွင့်အာဏာတခုပဲ။ သမိုင်းကိုပြန်ကြည့်ရင်လည်း စစ်ပွဲတွေဟာ လူ့အဖွဲ့အစည်းကြီးအတွက် ရှောင်လွှဲမရခဲ့တဲ့ နာကျင်မှုကြီးတွေပါပဲ။ ငြိမ်းချမ်းရေးအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ လွတ်လပ်ရေးအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ အကျိုးစီးပွားတွေအတွက် စစ်ကိုတိုက်ခဲ့ကြတယ်။ အခြေခံအကျဆုံးစစ်ပွဲကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခုခံတွန်းလှန်းတိုက်ခဲ့ကြရတဲ့ စစ်ပွဲပဲ။ ဒီလိုနဲ့ပဲ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၃ သောကြာနေ့ – မနက်ခင်းအတွေး ခုမနက်ပိုင်းတွေမှာ နေရောင်က နွေးထွေးတောက်ပနေသည်။ ခြံထဲဆင်းလိုက်တော့ ဝင်လာသည့်လေက အေးမြမြ။ မြက်ခင်းတွေကတော့ အရင်ရက်တွေက ရွာထားသည့်မိုးကြောင့် စိုဝပ်နေသေးဆဲ။ ပျိုးထားသည့် စားပင်သီးပင်လေးတွေက အိုးခွဲအိမ်ခွဲဖြစ်ကုန်ကြပြီ။ တက်စရာကျောင်းပျောက်နေသည့် ပန်းပွင့်လေးတွေကတော့ အပင်ကိုင်းခက်တွေပေါ်ကနေ မြက်ရိုင်းခင်းလေးပေါ် တပွင့်ပြီးတပွင့် ခုန်ဆင်းချလာကြသည်။ သစ်ရွက်သေတချို့နဲ့ အတူပေါ့လေ။ စတင်ကတည်းက မှားခဲ့သည့်ကိစ္စမျိုးဆိုတာ လမ်းခုလပ်မှာလည်း ဆက်မှားနေမှာဖြစ်သလို လမ်းဆုံးမှာလည်း မှန်သွားစရာအကြောင်းမှ မရှိဘဲ။ ရည်ရွည်ချက်မှားလျှင် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၂ ကြာသပတေးနေ့ – မနက်ခင်းအတွေး ရှေ့တခေါ်ဆိုရောက်ပြီ၊ ရှေ့တကွေ့ဆိုရောက်ပြီနဲ့ မတ်စောက်တဲ့တောင်တက်လမ်းကို တရွေ့ရွေ့လှမ်းခဲ့ကြရတဲ့ ဘုရားဖူးခရီးတွေ သတိရကြမှာပါ။ တခါတလေ အကွေ့တခုမှာ စေတီဆီက ဆည်းလည်းသံလေးကို ကြားလိုက်ရသလိုလို၊ ဟိုးအဝေးက ပြိုးပြက်ရွှေရောင်ကို လှမ်းတွေ့လိုက်ရသလိုလိုတောင် ဖြစ်မိကြသေး။ ကလေးတွေကတော့ နောက်ကလူကြီးတွေ မျက်ခြေပြတ်သွားတဲ့အထိ ရှေ့ကနေ အပြေးကလေးတက်သွားကြလေရဲ့။ တယောက်ကိုတယောက်စောင့်ခေါ်ရင်း ဖေးကူရင်း အမောပြေအားပေးစကားပြောရင်း ဘုရားကိုဖူးမျှော်ချင်စိတ်နဲ့ လှမ်းခဲ့ကြ ရောက်ခဲ့ကြရတာပဲမဟုတ်လား။ အရေးကြီးတာက ဘုရားဖူးဖို့လာတာ နောက်တတောင်တက်ဖို့ကျန်သေးတယ်ဆိုတာနဲ့ပဲ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၁ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ကလေးဘဝက အပြစ်ကင်းတယ်လို့ လူတွေပြောလေ့ရှိတယ်။ ဒီအဓိပ္ပါယ်အရ လူဟာ မွေးတုန်းက ဘယ်လိုပြစ်မှုမှ ပါမလာဘူးဆိုတာ သိပ်သေချာခဲ့ပါတယ်။ အမိဝမ်းကကျွတ်တဲ့အချိန်မှာ သူ့ဆီကထွက်လာတဲ့ ငိုသံလေးဟာ နာကျင်မှုဝေဒနာထဲမှာ ရုန်းကန်နေရတဲ့ မိခင်ဖြစ်သူကို အင်အားပြည့်လန်းဆန်းစေခဲ့ပါတယ်။ ဒါဟာ လူ့လောကကြီးအပေါ် သူပထမဆုံးပြုလုပ်ပေးလိုက်တဲ့ ကောင်းမှုလို့ ဆိုရပါမယ်။ တကယ်တော့ ဘယ်သူမဆို လူ့ဘဝမှာ ကောင်းမှုနဲ့စခဲ့ကြသူချည်းပါပဲ။ ဒါပေမဲ့ လောကကြီးကတော့ အသစ်မွေးလာတဲ့လူတယောက်ကို […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၂၀ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ပြည်တွင်းစစ်မီးတောက်နေတဲ့နိုင်ငံမှာ နေ့တိုင်း တိုက်ပွဲသတင်းတွေ ကြားနေရမှာပါပဲ။ ရွာတွေဗုံးကြဲခံရတာ၊ အိမ်တွေမီးတိုက်ခံရတာ၊ လူတွေသေကြတာစသဖြင့် အနိဌာရုံတွေပေါ့လေ။ နှစ်ရှည်လများ ဒီလိုအခြေအနေကြီးထဲ ဒီလိုသတင်းတွေထဲ နေထိုင်နေကြရတဲ့သူတွေ ပုံမှန်ဆို ရူးသွားလောက်တယ်။ ဒါပေမဲ့ ဒါငါတို့ဘဝတွေကို ပြောင်းလဲပစ်မယ့် တော်လှန်စစ်ဟေ့၊ ငါတို့နိုင်အောင်တိုက်ရမယ့် ပြည်သူ့စစ်ပွဲဟေ့ဆိုတဲ့တချက်နဲ့ အားလုံးဝိုင်းဝန်း အားပေးကူညီ တောင့်ခံနေခဲ့ကြတာဖြစ်ပါတယ်။ ယတိပြတ်ချထားတဲ့ ပြည်သူတွေရဲ့သံဓိဌာန်ဟာ ဒီစစ်ပွဲကို ဆုံးဖြတ်တာပါပဲ။ အပြင်ကစစ်ပွဲတွေက […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၉ တနင်္လာနေ့ – ■ မနက်ခင်းအတွေး မနေ့က အတွေးကလေး အရေးကလေးတခုဖတ်ရတယ်။ ကားထဲထည့်ဖို့ ဆီမရှိတဲ့သူနဲ့ စားဖို့ဆီ မရှိတဲ့သူ ဒုက္ခကအတူတူပဲလား တဲ့။ သူ့ဒုက္ခနဲ့သူပေါ့လေ။ အရပ်ထဲပြောဘူးသလို သူဌေးသင်္ဘောမှောက်တာနဲ့ သူတောင်းစားခွက်ပျောက်တာ ၂ ယောက်စလုံးအတွက်တော့ ဘဝနဲ့ချီ ထိခိုက်ကြရတာပဲမဟုတ်လား။ မနက်စောစော အသိတယောက်က လှမ်းသတင်းမေးတယ်။ အဆင်ပြေရဲ့လားတဲ့။ ကျေးဇူးတင်ပါတယ်လို့ပဲ ပြန်ပြောမိတယ်။ အခုလိုခေတ်ကြီးမှာ အဆင်မပြေဘူးလို့လည်း ကိုယ့်ကျမှ မညည်းပြချင်ဘူး။ အခုလိုခေတ်ကြီးမှာ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၆ သောကြာနေ့ – ■ မနက်ခင်းအတွေး ဥဒေတယံပဲ ရွတ်ရွတ်၊ ပရိတ်ကြီး ၁၁ သုတ်ပဲရွတ်ရွတ်၊ ဓာရဏပရိတ်နဲ့ ရှိရှိသမျှ ဝေနေယျတွေကို မေတ္တာသုတ်ရွတ်ပြီး အမျှပဲဝေဝေ ဒီစစ်အကြမ်းဖက်အုပ်စုရဲ့အသိဉာဏ်မှာ အာဏာလောဘ မောဟတိမ်သလ္လာတွေဖုံးနေသမျှ ဒီနိုင်ငံကြီးရဲ့မနက်ခင်းတွေဟာ ကြည်လင်လန်းဆန်းလာစရာမရှိပါဘူး။ ဘာသာရေးကို ကိုယ့်နိုင်ငံရေးအလိုလောဘအတွက် စဉ်ဆက်မပြတ်အသုံးချလာတဲ့ ဒီလူ့အဖွဲ့အစည်းရဲ့ ချယ်လှယ်သူတွေဟာ ငရဲနဲ့ နိဗ္ဗာန်လည်း သူတို့အတွက် ဘာမှသိပ်မထူးသလို ဖြစ်လာတယ်။ ဒီဘဝနိဗ္ဗာန်အတွက် သံသရာငရဲကို သူတို့ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၁၅ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး စောစောစီးစီးတိမ်ထူတဲ့နေမို့ မနက်ခင်းနေရောင်က ရဲရဲတင်းတင်း ရောက်မလာနိုင်သေး။ ညကမိုးကြောင့် ဝန်းကျင်တခုလုံးက စိုစွတ်နေသည်။ နေရာသစ်ရဲ့ အစဦးနေ့များပဲဆိုပါစို့။ သိပ်တော့လည်း မထူးဆန်းတော့ပါ။ ဒီလိုပဲ နေရာတွေ တနေရာပြီးတနေရာ ပြောင်းခဲ့ကြရတာပဲမဟုတ်လား။ ကြာတော့ နေရာဟောင်းတွေအပေါ် တွယ်မက်စိတ်ပင် မရှိသလောက်ဖြစ်လာခဲ့သည်။ နေရာဆိုတာ နေထိုင်ဖို့၊ ခိုနားဖို့၊ အလုပ်လုပ်ဖို့ ဒါအတွက်ပဲလေ။ ပိုင်ဆိုင်ဖို့ တွယ်ငြိဖို့ စွဲလန်းနေဖို့မှမဟုတ်ဘဲ။ သို့တိုင် […]