အယ်ဒီတာစကား

မနေ့က ဘာရှားအယ်အာဆက်ဒ် ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်

“မနေ့က ဘာရှားအယ်အာဆက်ဒ် ဒီနေ့ အကြမ်းဖက် မင်းအောင်လှိုင်” ■ အယ်ဒီတာ့စကား မနေ့က ဖီလစ်ပိုင်၊ ဒီနေ့ မြန်မာ (Yesterday Philippines, Today Burma.) ဆိုသည့်စာသားကို ၈၈ အရေးတော်ပုံကာလက အဆောက်အဦအမြင့်ကြီးများနှင့် အုတ်တံတိုင်း နံရံများပေါ်တွင် တွေ့ရသည်။ ဖိလစ်ပိုင်တွင် လူထုအုံကြွမှု၊ ဆန့်ကျင်တွန်းလှန်မှုများကြောင့် အာဏာရှင်ဖာဒီနန်မားကို့စ်သည် ၁၉၈၆ ခုနှစ်၌ အာဏာစွန့်လွှတ်ခဲ့ရပြီး မိသားစုလိုက် အမေရိကန်သို့ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ၈၈၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာပြီး […]

အယ်ဒီတာစကား

နှစ်နှစ်မှသည် နှစ်များစွာသို့

“နှစ်နှစ်မှသည် နှစ်များစွာသို့” ■ အယ်ဒီတာ့စကား The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းကို စတင် တည်ထောင်ခဲ့သည်မှာ မကြာခင် ရက်ပိုင်းအတွင်း နှစ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်လည် ငဲ့စောင်းကြည့်သည့်အခါ ကျေနပ် အားရမိသည်ဟု မဆိုနိုင်သော်ငြား The Call ၏ မူလရည်ရွယ်ချက်ကို ပြည့်မီခဲ့သည်ဟု ဆိုချင်သည်။ The Call ၏ ရပ်တည်ချက်ကို မဂ္ဂဇင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်ပါအတိုင်း အတိအလင်း […]

အယ်ဒီတာစကား

အပြောနည်းနည်း အလုပ်များများ

“အပြောနည်းနည်း အလုပ်များများ” ■ အယ်ဒီတာ့စကား ဗမာစကားတွင် “လူပြောမသန် လူသန်မပြော” ဟူသည့် ဆိုရိုးတခုရှိသည်။ “အပြောကြီးသူသည် လက်တွေ့ မဆောင်ရွက်တတ်သကဲ့သို့ လက်တွေ့ ဆောင်ရွက်တတ်သူသည်လည်း အပြောမကြီး တတ်ပေ” ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် လက်တွေ့ လုပ်ဆောင်နေသူများသည် စကား အပိုမပြော၊ အလုပ်သာ အားစိုက်လုပ်သည်။ မလိုအပ်သည့်စကားများ ပြောဆိုနေသူဖြစ်လျှင် ထိုသူသည် လက်တွေ့ လုပ်ဆောင်နေသူမဟုတ်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှ […]

အယ်ဒီတာစကား

နိုင်ငံတကာပြည်သူတို့အရေး အလေးထားကြ

■ အယ်ဒီတာ့စကား ယနေ့ကာလသည် နိုင်ငံရေးအလှုပ်အခတ်များသောကာလဟု ဆိုနိုင်သည်။ တော်လှန်ရေးအင်အားစုများက မြို့သိမ်းစစ်ပွဲများအနိုင်ရလေ နိုင်ငံရေးခြေထိုးမှု၊ ရှုပ်ထွေးမှုများက ပိုများလေဟုပင်ဆိုရမည်။ ဩဂုတ်လ ၅ ရက်နေ့က မအလ မိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ နောက်ကွယ်၌ ပြည်ပနိုင်ငံအချို့၏ စစ်ရေးထောက်ပံ့ကူညီမှုများရှိနေကြောင်း စွပ်စွဲပြောဆိုမှုများပြုလုပ်ခဲ့သည်။ တပြိုင်နက်တည်းပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌခင်ရီ၏ ရုရှထံမှ စစ်ရေးအကူအညီများပေးရန် တောင်းခံကြောင်းသတင်းကိုလည်း ရုရှသတင်းမီဒီယာများမှ ဖော်ပြလာသည်။ ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က အကြမ်းဖက်စစ်ခေါင်းဆောင် မအလနှင့် လာရောက်တွေ့ဆုံခဲ့အပြီး ၉ […]

အယ်ဒီတာစကား

ပေးဆပ်သွားသူတွေကို မမေ့ကြနဲ့

■ အယ်ဒီတာ့စကား ဤရက်ပိုင်းအတွင်း လှုပ်ခတ်မှုအဖြစ်ဆုံးသတင်းမှာ စကစ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဦးဆောင်သည့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက အပြီးသတ် သိမ်းယူလိုက်နိုင်သည့် သတင်းဖြစ်သည်။ ထိုသတင်းနှင့် တဆက်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနှင့် အမှတ် ၁-စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ အပါအဝင် အရာရှိအများအပြားကို MNDAA […]

အယ်ဒီတာစကား

ဘွိုင်းကောက်ကို အလေးပေးဆောင်ရွက်ကြ

■ အယ်ဒီတာ့စကား ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် လူထုလူတန်းစားမျိုးစုံ၊ နိုင်ငံရေးအဓိပ္ပါယ်မျိုးစုံ၊ တိုက်ပွဲနည်းနာမျိုးစုံပါဝင်သော တော်လှန်ရေးဖြစ်သည်။ စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြည်သူလူထုသည် စီတန်းလှည့်လည်ခြင်း၊ ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်း၊ လမ်းများပေါ် သပိတ်တားခြင်း၊ အာလူးကောက်ခြင်း၊ သနပ်ခါးသွေးခြင်း၊ တီးမှုတ်ဖျော်ဖြေခြင်း၊ မော်ဒယ်သရုပ်ဆောင်များက Performance များ လုပ်ပြခြင်း၊ ညစဥ် သံပုံးတီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ကြသည်။အကြမ်းဖက်ဖြိုခွဲမှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများကြုံခဲ့ရသည့်တိုင် ပြည်သူလူထုသည် နောက်တွန့်မသွားဘဲ လပေါင်းများစွာကြာမြင့်သည်အထိ တရက်မပျက် ဆန္ဒပြထွက်ခဲ့ကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွင် ဝန်ကြီးဌာနအသီးသီးရှိ […]