အယ်ဒီတာစကား

ငြိမ်းချမ်းရေး ဟူသည်

“ငြိမ်းချမ်းရေး ဟူသည်”အယ်ဒီတာ့စကား” ငြိမ်းချမ်းရေးသည် — ပျားရည်ကဲ့သို့အစဉ် — တမာပင် သရက်ပင် — ဘာပင်ပဲ စွဲစွဲ — ချိုမြဲအရသာ — မစွန့်သည်သာပင်”ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံအတွက် ဆရာမြို့မငြိမ်းရေးစပ်ခဲ့သော သီချင်းဖြစ်သည်။ငြိမ်းချမ်းရေးအဓိပ္ပါယ်များ လေးနက်ပေါ်လွင်လှသည်။သို့သော် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖြိုဖျက်လိုက်ပြီး လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင်မရှိသောကျောင်းသားများအား ဓားကိုဓားချင်း လှံကိုလှံချင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု စိန်ခေါ်ခြိမ်းခြောက်စကားထွက်ပြောလိုက်ကတည်းက ဗိုလ်နေဝင်းစစ်တပ်၏ ဖက်ဆစ်သန္ဓေကို ဘီလူးအစွယ်ကဲ့သို့ ပြူးပြူးကြီးတွေ့မြင်ခဲ့ရသည်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောထားအမှန်နှင့် အကြမ်းဖက်စစ်တပ်၏ သရုပ်သကန်မှာ […]

အယ်ဒီတာစကား

နွေဦးဘူဖေးနှင့် တရားမျှတမှုဝိုင်

“ နွေဦးဘူဖေးနှင့် တရားမျှတမှုဝိုင် “ အယ်ဒီတာ့စကားတခါကအတိတ်ကို အတိတ်မှာထားခဲ့ကြရအောင်ဟု ပြောခဲ့ကြသည်။ သမိုင်းအမှိုက်ထုပ်တွေကို ထားပစ်ခဲ့ပြီး ရှေ့ဆက်ကြဖို့ ဆော်ဩတာလည်းဖြစ်သည်။ သို့တိုင် မြန်မာ့လူ့အဖွဲ့အစည်းက ရှေ့ကိုရောက်ခွင့်မရခဲ့။ အတိတ်နွံထဲ ပြန်ကျွံနစ်ရပြန်သည်။ဒီတော့ အပြစ်ရှိတဲ့သူတွေကို အပြစ်မပေးခဲ့လို့ အခုလို အပြစ်မဲ့တဲ့သူတွေ အပြစ်ခံကြရတာဆိုသည့် စွဲချက်က ကျယ်လောင်လာပြန်သည်။ တကယ်လည်း အပြစ်ကျုးလွန်ခဲ့သူတို့က အပြစ်မှလွတ်မြောက်နိုင်မှန်းသိလာကြသောအခါ နောက်တခါ အပြစ်ထပ်ကျုးလွန်ဖို့ ဝန်မလေးတော့တာကို တွေ့လိုက်ရသည်။ အရင်ကထက်တောင် လက်ရဲဇတ်ရဲရှိလာသေးသည်။အပြစ်ဒဏ် ဘာကြောင့်ပေးသလဲ။ လက်စားချေချင်လို့မဟုတ်။ မုန်းလို့၊ စိတ်နာလို့မဟုတ်။ […]

အယ်ဒီတာစကား

စစ်ကောင်စီနှင့် သေဒဏ်

“စစ်ကောင်စီနှင့် သေဒဏ်”အယ်ဒီတာ့စကား“People who are well represented at trial do not get the death penalty.”“တရားခွင်မှာ ကောင်းကောင်းထုချေခွင့် ရသူတွေဟာ သေဒဏ်ချမှတ် မခံရပါဘူး”– Ruth Bader Ginsburg( ကွယ်လွန်သူ အမေရိကန်တရားရုံးချုပ် တရားသူကြီး)ကမ္ဘာ့နိုင်ငံအသီးသီးတွင် သေဒဏ် ကျင့်သုံးနေခြင်းကို ဆိုင်းငံ့ထားရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို သိပ်မကြာသေးခင် နိုဝင်ဘာလ (၁၁) ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၊ […]

အယ်ဒီတာစကား

ခေါ်သံဟူသည် …

“ ခေါ်သံဟူသည် … “ အယ်ဒီတာ့စကားတိတ်ဆိတ်ခြင်း၏အသံကား ကျယ်လောင်လှ၏။ ညဉ့်နက်လေ ညအသံကပိုကြီးလေဖြစ်၏။ ဆောင်းချမ်းညများ၊ နွေဦးညများတွင်ကြားရတတ်သော ပုရစ်အော်သံ၊ ပုစဉ်းအော်သံ၊ တောကောင်အော်မြည်သံနှင့် ခြောက်ခြားဖွယ်လေတိုးသံတို့ကား ညဉ့်ယံ၌ အတောမသတ်ချေ။အာရုဏ်မဦးခင် ညကြမ်းလေကြမ်း ကုတ်ခြစ်သံများကြားက အလှုပ်အရမ်းများသော သမိုင်းဘီး၏ရင်ထိတ်ဖွယ် ကြိတ်ဆွဲသံများတွင် အိုမင်းပြိုပျက်ခဲ့ရသော သက္ကရာဇ်တို့များစွာ ..။“၈၈” မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ၊ ပြည်သူ့အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သော လူထုအင်အား လှိုင်းလုံးကြီးများမှာ ‘ပင်လယ်ကြီးတမျှ’ ဟု စာပေမိခင်ကြီး လူထုဒေါ်အမာ ပြောခဲ့သည်။ လှိုင်းကြမ်းများ၊ ပင်လယ်အော်သံများ […]

အယ်ဒီတာစကား

ခေါ်သံသို့ အမှာစကား

” ခေါ်သံသို့ အမှာစကား “———————–နွေဦး​တော်လှန်​ရေးမီဒီယာသမား​တွေစုပြီး The Call ( ​ခေါ်သံ ) အမည်နဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်​စောင် စီစဥ်ကြမယ်လို့ အသိ​ပေးလာ​တော့ အထူးဝမ်း​မြောက်ရတယ်။မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ အလွှာစုံ၊ လူမျိုးစုံ၊ လူတန်းစားစုံ၊ ကျွမ်းကျင်မှုအစုံ၊ အသိပညာ၊ အတတ်ပညာစုံ ပူး​ပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် “ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်​ရေး” လို့ ဆိုရမယ်။မီဒီယာသမား​တွေအ​နေနဲ့လည်း ကိုယ်ကျွမ်းကျင်တဲ့ စာနယ်ဇင်းပညာနဲ့ ​တော်လှန်​ရေးမှာ ပါဝင်ကြတယ်၊ ​တော်လှန်​ရေးကို အလုပ်အ​ကျွေးပြုကြမယ်ဆိုတာက ဂုဏ်ယူစရာဖြစ်ပါတယ်။ စာ​ပေ၊ သတင်းနဲ့ အနုပညာရှင်များလည်း The […]