တကွက်အတွေး

ရှေ့ကနေသောသူ

“ရှေ့ကနေသောသူ”ရဲခေါင်မဲမောင်တခါက ရပ်ကွက်တခုမှာ လူတယောက်သေတယ်။ဒီလူကိုမြေမြှုပ်မယ်လုပ်တော့ ထုံးစံအတိုင်း ကူးတို့ခအနေနဲ့ ပါးစပ်ထဲ ပိုက်ဆံတမတ် ထည့်မယ်ပြင်တယ်။ ဒါပေမယ့် လူသေရဲ့ပါးစပ်က ဘယ်လိုဖွင့်ဖွင့် ဖွင့်မရဘဲ သွားကြီးတွေကစေ့နေတော့ ကျန်ရစ်သူဇနီးသည်က” လုပ်ကြပါဦး။ ကူးတို့ခကလေးမှ ထည့်လို့မရရင် သူ့ယောကျ်ား ဘဝကူးကောင်းမှာ မဟုတ်ပါဘူး”ဆိုပြီး ငိုကြီးချက်မဖြစ်တယ်။ဒီတော့ နာရေးလာမေးတဲ့သူ တယောက်က သေသူရဲ့ဇနီးကို“ခင်ဗျားယောကျ်ား ဘာအလုပ် လုပ်သလဲ”“ရှေ့နေပါရှင်”“ဒါဖြင့် ခင်ဗျားမှာ ထောင်တန်ကလေး လေးငါးရွက်လောက်ရှိလား ““ရှိပါတယ်ရှင်”“ဟုတ်ပြီ အဲဒီထောင်တန်ကလေးတွေ ကျနော့်ခနပေး”လူစိမ်းလည်း သေသူရဲ့ဇနီးပေးတဲ့ ထောင်တန်ကလေးတွေကို ယပ်တောင်ပုံစံဖြန့်ပြီး […]

တကွက်အတွေး

ဝါဂွမ်းများ

“ဝါဂွမ်းများ”■ ရဲခေါင်မဲမောင်တနေ့က မိတ်ဆွေ အငြိမ်းစား ကျောင်းအုပ်တယောက်နှင့် မောင်ငြိမ်းအေးတွေ့ကြသည်။ သူက ပင်စင်ထုတ်ဖို့ ဘဏ်သို့လာရင်း လက်ဘက်ရည်ဆိုင်မှာထိုင်နေသော မောင်ငြိမ်းအေးကိုတွေ့သွားကာ ဆိုင်ထဲဝင်လာခြင်းဖြစ်လေသည်။“ဘယ်လိုလဲ အဆင်ပြေရဲ့လား”စားပွဲရှေ့ရှိ ထိုင်ခုံကလေးမှာ ဝင်ထိုင်လိုက်ရင်း သူက မောင်ငြိမ်းအေးကို မေးလိုက်ခြင်းဖြစ်သည်။ မောင်ငြိမ်းအေးက“ဘယ်မှာလာ ပြေပါ့မလဲဗျာ၊ ရေးဖို့သားဖို့ သတင်းစာကလေး တစောင်တည်းရှိတာ”ဟု ပြန်ဖြေလိုက်ပြီးနောက် တဆက်တည်းဆိုသလို“ခင်ဗျားရော”ဟု မေးလိုက်ပါသည်။ ထိုအခါမိတ်ဆွေဖြစ်သူက “ကျနော်ကတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ”ဟု စိတ်ပျက်လက်ပျက် အမူအရာဖြင့်ပြောသည်။မောင်ငြိမ်းအေးလည်း စိတ်ဝင်စားသွားပြီး“ပြောပါဦးဗျ”“ဒီလိုဗျာ၊ ကျနော် အိမ်ငှားနေတာ […]

တကွက်အတွေး

ဘဝအဖော်

“ဘဝအဖော်”ရဲခေါင်မဲမောင်ကျနော် ခပ်ငယ်ငယ် ကိုးတန်းကျောင်းသားဘဝကဖြစ်သည်။ မနက်အစောကြီး ၄ နာရီလောက်မှာ အမေကလာနှိုးပြီး “သား ထ ထ မင်းအဖိုးဆုံးပြီ” ဟု ပြောသည်။ ထိုစဉ်က ကျနော်တို့သည် တောင်ဥက္ကလာပ ၁၃ ရပ်ကွက်ရှိ အနော်မာ ၈ လမ်းထဲမှာနေသည်။ အဖိုးအဖွားတို့က အနော်မာလမ်းနှင့် ၈ လမ်းထောင့်မှာနေသည်မို့ ကျနော်တို့အိမ်နှင့် လေးငါးခြောက်အိမ်သာခြားပါသည်။အဖိုးဆုံးတော့ အသက် ၇၄ နှစ်မျှရှိပြီ။ အဖွားနှင့် အသက်သိပ်မကွာလှ။ အဖွားသည် တရားဘက်လိုက်နေပြီး ထိုအချိန်က […]

တကွက်အတွေး

ငါးညံ့

“ငါးညံ့”ရဲခေါင်မဲမောင်ကျနော်က ငါးတကောင်ဖြစ်ပါတယ်။ ဒါပေမယ့် သက်ရှိငါးတကောင်တော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကြည့်ဖူး ကြိုက်ဖူးခဲ့ကြတဲ့ Ghost ဇာတ်ကားထဲကလို ကိုယ်သေတာကို ကိုယ်ပြန်မြင်နေရတဲ့ ငါးတကောင်ပဲဆိုပါတော့။ ရှင်းရှင်းပြောရရင် ငါးဝိညာဥ်တကောင် ဆိုပါတော့ဗျာ။ငါးသုံးကောင်ပုံပြင်ကို ခင်ဗျားတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုဗျာ။ တံငါသည်တယောက် မြစ်ထဲမှာငါးဖမ်းရင်း ငါးသုံးကောင်မိတာလေ။ အဲဒီလိုမိတော့ သေမှာကြောက်တဲ့ငါးက လွတ်မြောက်လိုလွတ်မြောက်ငြား ခဏခဏ ခုန်ခုန်နေတော့ တံငါက လွတ်သွားမှာစိုးတာနဲ့ ရိုက်သတ်လိုက်ပါရောလား။နောက် ဒုတိယငါးကတော့ သူအခုလိုဖမ်းမိတာ အတိတ်က သူ့ရဲ့ကံကြောင့်ပဲ၊ ဒါ့ကြောင့် […]

တကွက်အတွေး

အကုသိုလ်

“အကုသိုလ်”ရဲခေါင်မဲမောင်ဒေါ်ခင်နွယ်ဦးနှင့် ဒေါ်သီတာကြည်တို့နှစ်ယောက်သည် ညီအမများဖြစ်ကြသည်။ ဒေါ်ခင်နွယ်ဦးက တကိုယ်တည်း အပျိုကြီးဖြစ်ပြီး တောင်ဥက္ကလာပတွင် နေထိုင်ကာ ဒေါ်သီတာကြည်က အိမ်ထောင်နှင့် ရွှေပြည်သာတွင်နေသည်။သူတို့ညီအမနှစ်ယောက်စလုံး အသက်အရွယ်ကလေး ရလာကြပြီးလျှင် ဘုရားအလုပ် တရားအလုပ်ကလေးများကိုလည်း စိတ်ဝင်တစား လုပ်ကိုင်နေကြပြီဖြစ်ပါသည်။သင်္ကြန်တွင်း ရုံးပိတ်ရက်များရသောကြောင့် ညီအစ်မနှစ်ယောက်ချိန်းကာ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ယောက်ကော်ဘုန်းကြီးကျောင်းတွင် ဥပုသ်ယူကြသည်။ ယောက်ကော်ကျောင်းမှာ ငမိုးရိပ်ချောင်းကမ်းအနီးတွင်တည်ရှိပြီး သစ်ရိပ်ဝါးရိပ်များကြောင့် အေးမြစိမ်းစိုကာ ဧပြီလ၏အပူဒဏ်ကို ကာကွယ်ပေးထားနိုင်လေသည်။ သစ်ရိပ်ဝါးရိပ်နှင့် ဘုရားရိပ်တရားရိပ်မှာ ညီအမနှစ်ယောက် စိတ်ကြည်နူးချမ်းမြေ့ကာ ကောင်းကောင်း ဥပုသ်ယူနိုင်ခဲ့ကြလေသည်။ညနေ နေကျသွားသောအခါ […]

တကွက်အတွေး

ချစ်တီး

“ချစ်တီး”ရဲခေါင်မဲမောင်မိတ်ဆွေတယောက်၏ ပန်းချီပြပွဲတခုသို့ မောင်ငြိမ်းအေးရောက်သွားသည်။ ပန်းချီကားပေါင်း ၁၀၀ နီးပါး ပြသထားလေရာ ပန်းချီပြခန်းသည် ပန်းချီပြခန်းနှင့်မတူဘဲ ရောင်စုံပန်းဥယျာဥ်ကလေးနှင့်တူနေသည်။ပန်းချီဆိုလျှင် တွေးရမှဟု သဘောထားရှိသော မောင်ငြိမ်းအေးသည် မိတ်ဆွေဖြစ်သူ၏ Abstract ပန်းချီကားများကို စိန်ပြေနပြေကြည့်ရင်း များစွာကျေနပ်လျက်ရှိသည်။ပန်းချီကားများကိုကြည့်သွားရင်း အချို့ပန်းချီကားကလေးများရှိ အနီရောင်စက်ဝိုင်း အမှတ်အသားကလေးများကို မောင်ငြိမ်းအေး သတိပြုမိလေသည်။ ထိုအနီဝိုင်းကလေးများကပ်ထားသော ပန်းချီကားများမှာ ရောင်းချရသော ပန်းချီကားများဖြစ်ပြီးလျှင် တန်ဖိုးများမှာ အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိဖြစ်သောကြောင့် မိတ်ဆွေဖြစ်သူအတွက် […]

တကွက်အတွေး

ကြောက်ခြင်း

“ကြောက်ခြင်း”ရဲခေါင်မဲမောင်ပြီးခဲ့တဲ့ရက်သတ္တပတ်က မောင်ငြိမ်းအေးတို့ ပြည်ကိုသွားကြတယ်။ မောင်ငြိမ်းအေးတို့ဆိုတာ မောင်ငြိမ်းအေးရဲ့ဇနီးနဲ့ ဇနီးရဲ့ အမလင်မယားဖြစ်ပါတယ်။ပြည်အနောက်ဘက်ကမ်း၊ ပန်းတောင်း-တောင်ကုတ်လမ်းဘေး ငါးမျက်နှာဘုရားမရောက်ခင်မှာ သောင်ကြီးဆိုတဲ့ရွာရှိတယ်။ အဲဒီသောင်ကြီးမှာ ဇနီးသည်ရဲ့မောင်အငယ်ဆုံးကလေးနေပါတယ်။ သွားကြတဲ့အကြောင်းက အဲဒီမောင်အငယ်ဆုံးရဲ့သား သူတို့တူ မင်္ဂလာဆောင်ကိုလာဖို့ ဖိတ်တာကြောင့်ပါပဲ။ပထမတော့ မောင်ငြိမ်းအေး လိုက်ဖို့စိတ်ကူးမရှိပါဘူး။ ကျောက်ကပ်ခွဲထားတာကလည်း မကြာသေးတော့ ခရီးဝေးသွားဖို့ မရဲဘူးလေ။ ဒါပေမယ့် ဇနီးသည်ရဲ့အမယောက်ျား လေဖြတ်ထားလို့ လမ်းမလျှောက်နိုင်တဲ့သူကလည်း သူပါလိုက်မယ် အတင်းလုပ်တော့ အလိုလို မောင်ငြိမ်းအေးပါ ပါသွားတာပဲဖြစ်ပါတယ်။မင်္ဂလာဆောင်ကနေ ပြည်ဘက်ကမ်းပြန်ကူးလာပြီး ရွှေဝါမြေကို ခရီးဆက်ကြတယ်။ […]

တကွက်အတွေး

လု လူး

“လု လူး”ရဲခေါင်မဲမောင်မောင်ငြိမ်းအေး၏သူငယ်ချင်း စာရေးဆရာတယောက်သည် ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေပြီး မောင်ငြိမ်းအေးက ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေပါသည်။အပတ်စဉ် တနင်္လာနေ့တိုင်း ထိုသူငယ်ချင်းဆီသို့ လမ်းလျှောက်ကာ မောင်ငြိမ်းအေးသွားလေသည်။ တောင်နှင့်မြောက် ခြားနေသည်ဆိုသော်လည်း နှစ်ယောက်စလုံးက မြို့အဝင်အစပ်နားမှာချည်းဖြစ်ကြပြီး ဘတ်စ်ကားမှတ်တိုင်အနေဖြင့် ၆ မှတ်တိုင်မျှသာ ဝေးသောကြောင့်ဖြစ်ပါသည်။အရင်ရက်များက သူငယ်ချင်းဆီသို့သွားရာတွင် မောင်ငြိမ်းအေးတယောက် စိတ်အေးလက်အေးရှိပါသည်။ သွားသည့်အချိန်ကလည်း မနက်အစော ၆ နာရီလောက်ဖြစ်သည်။ ဆောင်းတွင်းမို့ ၆ နာရီဆိုသော်ငြား အလင်းရောင်မရှိသေးပါ။ လမ်းဓာတ်မီးတိုင်များမှ အလင်းရောင်သာရှိသည်။ ထို့ကြောင့် မောင်ငြိမ်းအေးတယောက်တည်း ဟိုတွေးသည်တွေးဖြင့် […]