ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနဲ့ စံနှုန်း
အော်စွန်းမိုင် ဆင်မြူရယ် ဟန်တင်တန်ဟာ ဟားဗာ့ဒ် ပါမောက္ခအဖြစ် ထင်ရှားခဲ့တဲ့သူပါ။ နောက်တော့ ဟားဗာ့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစင်တာမှာ ဒါရိုက်တာဖြစ်လာပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်းနဲ့ ကမ္ဘာ့အစဉ်အလာသစ် ဖန်တီးခြင်း (၁၉၉၆) က ထင်ရှား တိုးထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့အမြင်တွေ၊ အယူအဆတွေ၊ ကောက်ယူပုံတွေဟာ စဉ်းစားစရာများလည်း ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာများလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာက ဟောဒီလိုပါ။ “ကျနော့်ရဲ့အမြင်မှာ ဒီနေ့ခေတ်ကမ္ဘာမှာ ပေါ်ပေါက်လာမယ့် ရန်ဘက်ပဋိပက္ခတွေရဲ့ […]