အော်စွန်းမိုင် တချိန်က လွတ်မြောက်ရေးတိုက်ပွဲ ကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးသမားရဲဘော်တွေ၊ သခင်တွေကို ပဲခူးရိုးမထဲမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြရတယ်။ နွေအကုန် မိုးလေး တပြိုက်နှစ်ပြိုက် ရွာချလိုက်တော့ အဲဒီ ကျဆုံးလေပြီးသော ရဲဘော်များရဲ့ ရုပ်ခန္ဓာများကို ထိုးဖောက်ခွဲထွက်ပြီး မြယာပင်များ ပေါက်ရောက်လာကြတယ်လို့ ဖတ်ရှုခဲ့ရဖူးတယ်၊ မှတ်သားခဲ့ရဖူးပါတယ်။ ကမ္ဘာ့တော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူ တော်လှန်ရေးသမားများကို မြှုပ်နှံသင်္ဂြိုလ် ချန်ရစ်ခဲ့ကြရတယ်။ အလွန်အမင်း ဝမ်းနည်းကြေကွဲစရာကောင်းလှပြီး ကျန်ရစ်သူရဲဘော်များကလည်း မိမိတို့ရဲ့ ရဲဘော်ရဲဘက်ကို မြှုပ်နှံခဲ့ရတာက မိမိတို့ရဲ့ကိုယ်ခန္ဓာ […]