သူအမြင်

စစ်သား

“စစ်သား” မောင်သုည (ရှပ်ပုံသားလေး) “ စစ်သား အကြောင်းပြောရရင် ငါနည်းနည်းတော့ရင်ခုန်တယ်။ ဝမ်းလည်းနည်းမိတယ်။ ဂုဏ်ယူမဆုံးလည်းဖြစ်မိတယ် ” ထုံးစံတိုင်း ကျနော်ပြောတဲ့စကားကို ရဲဘော်တွေ စိတ်ဝင်တစား နားထောင်နေကြတယ်။ “ ငါရင်ခုန်တဲ့အကြောင်း အရင်မပြောခင်မှာ ဝမ်းနည်းရတဲ့အကြောင်း အရင်ပြောရရင် ဆာဘီးယန်း ဆိုရိုးတစ်ခုက စရမှာပဲ။ စစ်ပွဲ တစ်ပွဲဖြစ်တဲ့အခါ နိုင်ငံရေးသမားတွေက လက်နက်တွေ တပ်ဆင်ပေးတယ်။ လူချမ်းသာတွေက အရင်းနှီးနဲ့ ရိက္ခာတွေထုတ်ပေးတယ်။ လူဆင်းရဲတွေကတော့သားယောက်ျား လေးတွေ ပေးရတယ် ။ […]

Real Life Stories

ခိုးထွက်သူ

“ခိုးထွက်သူ” ထွင် သိဒ္ဒတ္ထမင်းသားသည် တောတွင်းတွင် တရားကျင့်ရန်အတွက် မိဘ၊ ဇနီးနှင့် သားမသိအောင် အိမ်မှ ခိုးထွက်ခဲ့လေသည်။ အဘယ်ကြောင့် ခိုးထွက်ရသလဲဆိုလျှင် ခွင့်တောင်းပါက ခွင့်ပြုမည် မဟုတ်သောကြာင့်ပင်။ *** ၁၊ ၂၊ ၂၀၂၁ နေ့တွင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်သောအခါ ဝန်ထမ်းဖြစ်သော ကျွန်ုပ်သည် မင်းအောင်လှိုင်အား တော်လှန်ပုန်ကန်သောအားဖြင့် စီဒီအမ်ဝင်လိုက်သည်။ မင်းအောင်လှိုင်၏ လက်ပါးစေ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများစွာက စီဒီအမ်ဝန်ထမ်းများအား လိုက်လံ ဖမ်းဆီး […]

Real Life Stories

ရန်ကုန်က ကြာသပတေးသားတွေ

“ရန်ကုန်က ကြာသပတေးသားတွေ” ထောင်စန်း စစ်သားနဲ့ ဗေဒင်၊ နက္ခတ်၊ ဘာသာတရားဆိုတာ ခွဲပြောလို့မရဘူး။ လက်ဦးက ပေါင်မှာနေသလို ဆိုတာမျိုး။ စစ်ကောင်စီဘက်က စစ်သားတွေလည်း ဗေဒင်၊ နက္ခတ်၊ ဘာသာရေးဆိုတာကို တော်တော်ယုံသလို ကျနော်တို့ဘက်က ဝါရင့် တော်လှန်ရေးသမားကြီးတွေလည်း ယုံတာပဲ။ ဘယ်သူ ပိုယုံလဲဆိုတော့ မပြောတတ်ဘူး။ နှစ်က်စစ်သားတွေ အဆောင်တွေ ထုတ်ပြိုင်ခိုင်းရင်တော့ သိလောက်တယ်။ ဒါပေမယ့် ဟာသတော့ သွားလုပ်လို့မရဘူး။ အသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆိုတာ အပိုမှမပါဘဲ။ နိုင်ငံခြားကာတွန်းတခုထဲကလို၊ […]

Multimedia

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫

“𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫” ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူး အခါသမယမှာ The Call ပရိသတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်း ပို့သပါတယ်။ ငြိမ်းချမ်း သာယာ ပျော်ရွှင် အေးငြိမ်းစွာ ဆင်နွှဲခွင့်ရတဲ့ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူး အခါသမယတွေ အမြန်ဆုံး ရောက်ရှိလာစေဖို့လည်း ဆန္ဒမွန်ပြုပါတယ်။ The Call ဝိုင်းတော်သားများ

Multimedia

မှတ်ချက်ပြုပြောကြားသောစကားသံများ

နှစ်နှစ်သား The Call အ​ပေါ် ရင်းနှီး​နွေး​ထွေးစွာ မှတ်ချက်ပြု ​ပြောကြားတဲ့ စကားသံများကို ​​ကျေးဇူးတင်စွာဖြင့် လက်ခံရရှိပါတယ်။ “The Call – ​ခေါ်သံ” အ​နေဖြင့် ​နွေဦး​တော်လှန်​ရေး​ပေါ် ခိုင်မြဲစွာသစ္စာထားလျက် ဆက်လက်​​လျှောက်လှမ်းသွားမှာ ဖြစ်သလို၊ ​နွေဦး​တော်လှန်​ရေး ​အောင်မြင်မှုရပြီးသည့် အနာဂတ်ကာလတွင်လည်း စာဖတ်ပရိသတ်များအတွက် တ​ထောင့်တ​နေရာမှ ဖြည့်ဆည်းနိုင်​ရေး ကြိုးကုတ် အားထုတ်သွားမှာဖြစ်တဲ့အ​ကြောင်း ထပ်​လောင်း ကတိပြုအပ်ပါတယ်။

Multimedia

ဟက်ပီးဘက်ဒေး… The Call-ခေါ်သံ

နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြရင်း… ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခဲ့သည့် “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းသည် ယ​နေ့တွင် နှစ်နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါသည်။ စာဖတ်ပရိသတ်များအ​နေဖြင့် နှစ်နှစ်တာကာလအတွင်း “The Call – […]

Real Life Stories

ရယ် (မော) စရာ-၃

“ရယ် (မော) စရာ-၃” “ကတုတ်ကျင်းနှင့် မီးလောင်ပြင်” ရေး “လေယာဉ်က ခြောက်ပတ်လောက် ပတ်ပျံပြီးမှကြဲတော့ ပျော်သွားတာပေါ့သားရယ်။ ပုန်းစရာရှာချိန် ရလိုက်တာကိုး” လွန်ခဲ့သည့်အပတ်က ကျေးရွာတရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာလေးတရွာဆီသို့ ကျနော်တို့အဖွဲ့ ရောက်ရှိခဲ့ကြသည်။ မီးလောင်ပြင်အတိ ဖြစ်သွားပြီဖြစ်သော ထိုရွာလေးမှအပြန်တွင် မနီးမဝေး တောအုပ်ထဲ၌ ဖြစ်သလို ယာယီတဲထိုး၍ နေ‌နေကြရသည့် ရွာခံလူထုရှိရာဆီသို့ မိမိတို့တပ်ဖွဲ့မှ ကူညီနိုင်မည်များကို မေးမြန်းရန် ဝင်သွားခဲ့သည်။ ထိုနေ့ကအဖြစ်အပျက်ကို တယောက်တပေါက် ပြန်ပြောပြနေကြ၍ ထိုင်နားထောင်နေကြရာမှ […]