ခံစားမှုစာစုများ

2046 – Wong Kar Wai

“2046 – Wong Kar Wai”■ သောရီမင်း ကိုယ့်ဆီရောက်လာပုံက သက်တန့်တခုလိုပါပဲ။ အဲဒီ့အရာဟာ ပြီးဆုံးမသွားဘဲ ကိုယ့်ရင်ထဲမှာ ဆက်လက်တောက်လောင်နေဆဲပါလို့ ရှင့်စာထဲမှာဖတ်ရတော့ ကျမလဲရူးမတတ်ပါဘဲလို့ စာပြန်ချင်ခဲ့တာ။ ဒါပေမဲ့ စာမပြန်ဖြစ်ခဲ့ဘူး။ ကျမလဲ နံရံလေးဘက်အပြည့်ကာထားတဲ့ ဆေးရုံအခန်းကျဉ်းထဲမှာ လပေါင်းများစွာ ဖြတ်သန်းခဲ့ရတာပါပဲ။ရှင် ကျမကို စတွေ့တဲ့အချိန်ဟာ ကျမရဲ့စနစ်တွေအားလုံး အစကနေ ပြန်ပြင်ထားတဲ့အချိန်ပဲ။ ကျမဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေအရ ကျမဟာ နောက်ထပ်ထိခိုက်လို့ မဖြစ်တော့ဘူးတဲ့။ ဒီလိုနဲ့ ကျမရဲ့စနစ်အားလုံးကို ပြန်ပြင်လိုက်ရတယ်။ […]

တကွက်အတွေး

ချစ်တီး

“ချစ်တီး”ရဲခေါင်မဲမောင်မိတ်ဆွေတယောက်၏ ပန်းချီပြပွဲတခုသို့ မောင်ငြိမ်းအေးရောက်သွားသည်။ ပန်းချီကားပေါင်း ၁၀၀ နီးပါး ပြသထားလေရာ ပန်းချီပြခန်းသည် ပန်းချီပြခန်းနှင့်မတူဘဲ ရောင်စုံပန်းဥယျာဥ်ကလေးနှင့်တူနေသည်။ပန်းချီဆိုလျှင် တွေးရမှဟု သဘောထားရှိသော မောင်ငြိမ်းအေးသည် မိတ်ဆွေဖြစ်သူ၏ Abstract ပန်းချီကားများကို စိန်ပြေနပြေကြည့်ရင်း များစွာကျေနပ်လျက်ရှိသည်။ပန်းချီကားများကိုကြည့်သွားရင်း အချို့ပန်းချီကားကလေးများရှိ အနီရောင်စက်ဝိုင်း အမှတ်အသားကလေးများကို မောင်ငြိမ်းအေး သတိပြုမိလေသည်။ ထိုအနီဝိုင်းကလေးများကပ်ထားသော ပန်းချီကားများမှာ ရောင်းချရသော ပန်းချီကားများဖြစ်ပြီးလျှင် တန်ဖိုးများမှာ အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိဖြစ်သောကြောင့် မိတ်ဆွေဖြစ်သူအတွက် […]

ခံစားမှုစာစုများ

Steins Gate (2011)

“Steins Gate” (2011)သောရီဆိုက်ဆိုက်မြိုက်မြိုက်အမြဲရောက်ရှိခဲ့သောခွဲခွာခြင်းများ။ကိုယ်ကြိုးစားပြီး ပြန်လာကြည့်မယ်နော်။အစကနေပြန်လျှောက်မယ်။ အစကနေပြန်စမယ်။ အဆုံးသတ်ဟာ ခွဲခွာခြင်းလိုင်းတွေပေါ်မှာ အတိအကျရှိနေတယ်။ သိတယ်။ ကိုယ်ပြန်လာခဲ့မယ်။သွေဖီခြင်းများ။ တလက်လက်ထနေတဲ့ အချိန်လိုင်းများ။ ထိချက်ဖွဖွလေးနဲ့တင် အချိန်လိုင်းလေးတွေ ဖွာခနဲ ကွဲသွားတဲ့အခါ မင်းနဲ့ငါခွဲခွာဖို့ ဖြစ်တန်စွမ်းတွေဟာ သိန်းသောင်းချီသတဲ့။ အဲ့ထက်တောင်ပိုဦးမယ်။ ကိုယ်လုပ်နိုင် တာက အဲ့ဒီ့လွဲချော်မှု ဖြစ်တန်စွမ်းတွေကို ရသလောက် ပြန်လည်ပြင်ဆင်ကြည့်ဖို့ပဲ။ပုံစံအမျိုးမျိုး အကြိမ်ကြိမ် သေဆုံးနေတဲ့မင်းကို မြင်နေရတာ ငရဲပဲ။ နောက်တကြိမ်။ နောက်တကြိမ်။ နောက်တကြိမ်။ နောက်တကြိမ်။ ပြီးတော့ […]

တကွက်အတွေး

ကြောက်ခြင်း

“ကြောက်ခြင်း”ရဲခေါင်မဲမောင်ပြီးခဲ့တဲ့ရက်သတ္တပတ်က မောင်ငြိမ်းအေးတို့ ပြည်ကိုသွားကြတယ်။ မောင်ငြိမ်းအေးတို့ဆိုတာ မောင်ငြိမ်းအေးရဲ့ဇနီးနဲ့ ဇနီးရဲ့ အမလင်မယားဖြစ်ပါတယ်။ပြည်အနောက်ဘက်ကမ်း၊ ပန်းတောင်း-တောင်ကုတ်လမ်းဘေး ငါးမျက်နှာဘုရားမရောက်ခင်မှာ သောင်ကြီးဆိုတဲ့ရွာရှိတယ်။ အဲဒီသောင်ကြီးမှာ ဇနီးသည်ရဲ့မောင်အငယ်ဆုံးကလေးနေပါတယ်။ သွားကြတဲ့အကြောင်းက အဲဒီမောင်အငယ်ဆုံးရဲ့သား သူတို့တူ မင်္ဂလာဆောင်ကိုလာဖို့ ဖိတ်တာကြောင့်ပါပဲ။ပထမတော့ မောင်ငြိမ်းအေး လိုက်ဖို့စိတ်ကူးမရှိပါဘူး။ ကျောက်ကပ်ခွဲထားတာကလည်း မကြာသေးတော့ ခရီးဝေးသွားဖို့ မရဲဘူးလေ။ ဒါပေမယ့် ဇနီးသည်ရဲ့အမယောက်ျား လေဖြတ်ထားလို့ လမ်းမလျှောက်နိုင်တဲ့သူကလည်း သူပါလိုက်မယ် အတင်းလုပ်တော့ အလိုလို မောင်ငြိမ်းအေးပါ ပါသွားတာပဲဖြစ်ပါတယ်။မင်္ဂလာဆောင်ကနေ ပြည်ဘက်ကမ်းပြန်ကူးလာပြီး ရွှေဝါမြေကို ခရီးဆက်ကြတယ်။ […]

ခံစားမှုစာစုများ

Farewell My Concubine (1993)

“Farewell My Concubine” (1993)သောရီငယ်ဘဝမှာ အိပ်မက်တွေအများကြီး ရှိခဲ့ဖူးမှာပဲ။ နွေးထွေးတဲ့ အိပ်ရာလေးတခုခု။ တစုံတယောက်ရဲ့ မြတ်နိုးဖွယ် ရာ။ အရောင်တောက်ပပြီး အနံ့မွှေးတဲ့ပန်းကလေး စသဖြင့်ပေါ့။ နေ့တနေ့ရဲ့အဆုံးသတ်မှာ လုပ်လက်စအလုပ် တွေပိတ်သိမ်းပြီး စိုစွတ်နေတဲ့လမ်းပေါ်လျှောက်ပြီး အဝါရောင်နွေးနွေးတွေထွန်းထားတဲ့ ဘားဆိုင်တဆိုင်ရဲ့ ထောင့်စွန်းကဝိုင်းမှာ ထိုင်နိုင်ဖို့ကပဲ နေ့တနေ့ကိုဖြတ်သန်းရမဲ့ ရည်ရွယ်ချက်ဖြစ်လာတယ်။ မလိုတာတွေဘဲ အလိုလိုရတတ်တာ ဘဝပဲဆိုတော့ နတ်သမီးပုံပြင်တွေအစား တကွက်စာတဖြတ်စာမှာပါတဲ့ ရုပ်ရှင်ပြကွက်တွေကိုပဲ ထပ်ကာထပ်ကာ ပြန်သတိရပြီး စွဲလန်းရတယ်။ ခန္ဓာကိုယ်ကသွေးတွေလည်း ဆိုင်ရှေ့နေရာအနှံ့မှာ […]

တကွက်အတွေး

လု လူး

“လု လူး”ရဲခေါင်မဲမောင်မောင်ငြိမ်းအေး၏သူငယ်ချင်း စာရေးဆရာတယောက်သည် ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေပြီး မောင်ငြိမ်းအေးက ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေပါသည်။အပတ်စဉ် တနင်္လာနေ့တိုင်း ထိုသူငယ်ချင်းဆီသို့ လမ်းလျှောက်ကာ မောင်ငြိမ်းအေးသွားလေသည်။ တောင်နှင့်မြောက် ခြားနေသည်ဆိုသော်လည်း နှစ်ယောက်စလုံးက မြို့အဝင်အစပ်နားမှာချည်းဖြစ်ကြပြီး ဘတ်စ်ကားမှတ်တိုင်အနေဖြင့် ၆ မှတ်တိုင်မျှသာ ဝေးသောကြောင့်ဖြစ်ပါသည်။အရင်ရက်များက သူငယ်ချင်းဆီသို့သွားရာတွင် မောင်ငြိမ်းအေးတယောက် စိတ်အေးလက်အေးရှိပါသည်။ သွားသည့်အချိန်ကလည်း မနက်အစော ၆ နာရီလောက်ဖြစ်သည်။ ဆောင်းတွင်းမို့ ၆ နာရီဆိုသော်ငြား အလင်းရောင်မရှိသေးပါ။ လမ်းဓာတ်မီးတိုင်များမှ အလင်းရောင်သာရှိသည်။ ထို့ကြောင့် မောင်ငြိမ်းအေးတယောက်တည်း ဟိုတွေးသည်တွေးဖြင့် […]

ခံစားမှုစာစုများ

Bridge to Terabithia (2007)

“Bridge to Terabithia (2007)”– Gábor Csupóသောရီပုံပြင်တပုဒ်လောက် နားထောင်ချင်လား။ ထူးဆန်းအံ့ဩဖွယ်နေရာတခုကို ကျနော်တို့ အတူတူ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကျနော်တို့ကလွဲပြီး ဘယ်သူမှမသိတဲ့ အဲဒီနေရာမှာ ပျော်စရာအမှတ်တရတွေ အများကြီးရှိခဲ့တယ်။ နောက် တော့ အဲဒီကိုသွားတဲ့လမ်းမှာပဲ ကျနော့်သူငယ်ချင်းဟာ ရေနစ်သေဆုံးသွားခဲ့တာပဲ။ အဲဒီနေရာဟာလည်း ဘယ်တုန်းကမှ မရှိတဲ့နေရာလို့ လူတွေကပြောကြတယ် …။Bridge to Terabithia ကြည့်ပြီးနောက်ပိုင်းမှာ နတ်သမီးပုံပြင်တွေထဲကနေ အပြီးတိုင် နိုးလာခဲ့ရတော့တာပဲ။နောက်တော့ ဘဝထဲမှာ ပျက်ကျမှုပေါင်းများစွာဟာ ပုံစံအမျိုးမျိုးနဲ့ […]

ခံစားမှုစာစုများ

Atonement (2007)

“Atonement”, 2007သောရီပြန်ဆုံတဲ့အချိန်တွေဟာ တကယ်ကိုပျော်စရာကောင်းခဲ့တာ။ တံခါးခေါက်သံကြားရမယ်၊ ဖွင့်လိုက်တဲ့အခါ မင်းသိပ် တွေ့ချင်နေတဲ့ အကြာကြီးခွဲခွာခဲ့ရတဲ့ မင်းသိပ်ချစ်တဲ့သူကိုတွေ့မယ်။ အကြိမ်ကြိမ်စိတ်ကူးထားခဲ့သလို နေ့ရက် တွေဖြစ်လာမယ်။ ဒါပေမဲ့ မင်းပြန်နိုးလာရမယ်။ စိတ်ညစ်ညူးဖွယ်ရာအခင်းအကျင်းနဲ့ ပတ်ဝန်းကျင်မှာ မင်းအရင် အခြေအနေတိုင်းပဲ ပြန်နိုးလာရမယ်။ မင်း သူနဲ့ ခွဲခွာရပြီးကတည်းက ဘယ်တော့မှ …။ပင်လယ်ကမ်းခြေဟာ ပျော်စရာပဲ။ အနားမှာ သိပ်ချစ်ရတဲ့သူနဲ့ဆို ဘဝဟာ ဘာမှ ထပ်မလိုချင်အောင် သိပ်ပျော်စရာကောင်းတယ်မဟုတ်လား။ ကမ်းစပ်က ရေလှိုင်းတွေကြားမှာ အတူတူကခဲ့ကြတယ်။ ဘယ်တော့မှ […]

သရော်စာ

ရာဇဝင်အူပေါက် ဇာတ်တော်အူပေါက်

“ရာဇဝင်အူပေါက် ဇာတ်တော်အူပေါက်”ဘဒ္ဒဝေဿန္တရာမင်းကြီး ပြည်နှင်ဒဏ်ခံရတုန်းက မဟာပထဝီမြေကြီးက အိုးထိမ်းစက်ပမာ ချာချာလည်တာ သုံးကြိမ် တောင်တဲ့။ နောက်တော့ မင်းကြီးက စိတ်ဖြတ်လိုက်မှ ခရီးဆက်လို့ရသတဲ့။ ဇာတ်တော်ကြီးဆယ်ဘွဲ့မှာ နောက်ဆုံးဘဝကို စိတ်ထဲ ခိုးလိုးခုလုဖြစ်မိတယ်။တိုင်းပြည်ပိုင်တဲ့ ဆင်ဖြူတော် ကိုယ်ပိုင်ပစ္စည်းလိုသဘောထားပြီး သူများတိုင်းပြည်ကို လှူသကိုးးး။အလှူအတန်း တယ်ရက်ရောလွန်းတော့ အခွင့်ကောင်းယူသူတွေလည်း ရှိတာပေါ့။ဒါဖြင့် နေပါဦး ပြည်သူပိုင် တိုင်းပြည်ပိုင်ဆင်ဖြူတော်လေ။ သူပိုင်လည်းမဟုတ်။ ဆင်ဖြူတော်ဆိုတာကလည်း အလွန်ရှားလို့ ရတနာလို့တောင် တင်စားရမဟုတ်လား။ခုခေတ်လို ခရုသင်းစွဲ ဆင်ဖြူတော်ဖြစ်ရတာ လွယ်မှတ်လို့။ကြံအင်လက္ခဏာဆိုတာက ရှိသေးတယ်။ […]

သရော်စာ

တပ်ချုပ်စစ်ထွက်မိန့်ခွန်းနဲ့ ရုပ်ရှင်ရိုက်ပါမယ်

“တပ်ချုပ်စစ်ထွက်မိန့်ခွန်းနဲ့ ရုပ်ရှင်ရိုက်ပါမယ်”ဘဒ္ဒရဲဘော်တို့ ဒီကနေ့ဟာ မနက်ဖြန်မဟုတ်ပါဘူး။စစ်တိုက်တယ်ဆိုတာ ဒက်ဒက်ဒက်ဒက်ဆိုပြီး ဟိုပြေးဒီပြေး လုပ်ရပါတယ်။ သစ်ပင်နောက်မှာပုန်းပြီး ခေါင်းကို ပြူတစ်ပြူတစ် လုပ်ရပါတယ်။တခါတရံ မြေကြီးပေါ်မှာ ဝမ်းလျားမှောက်ပြီး ခေါင်းကို အုပ်သင့်ရင် အုပ်ထားရပါတယ်။ မြေကြီးနိမ့်လေးတွေမှာလည်း တောင်ကုန်းအမြင့်ကြီးပေါ်က ပြုတ်ကျသကဲ့သို့ လူးလှိမ့်ပြီးဆင်းပါ။ ခေါင်းကဘိုကေတွေဘာတွေ မပျက်စေရပါ။ သို့သော် အခန့်မသင့်ရင် ဒူးပြဲ တဒေါင်ဆုတ် ဖြစ်တတ်ပါတယ်။သတိကြီးစွာထားပါ။တကယ်လို့ ဒဏ်ရာရသွားရင် ရှူတင်ပျက်နိုင်ပါတယ်။ ပျက်သွားရင် ပျက်သလောက် ရူတင်စားရိတ် နာပါမယ်။ အထူးသတိရှိပါ။ထမင်းစားရင် မိုးကာအင်္ကျီကို […]