သမိုင်း၏ မေ့လျော့ခံကျောင်းသားလှုပ်ရှားမှု တခု
■ ဇေယျာဦး ● တပ်မတော်နည်းပညာကောလိပ်ဖြစ်စဥ်နှင့် ပတ်သက်၍ ပျံ့နှံ့ခဲ့သော သတင်းမှားများနှင့် ကျောင်းသားများကြုံရသော အမှတ်အသားသရုပ် အကျပ်အတည်း တပ်မတော်နည်းပညာကောလိပ် ကျောင်းသားများသည် ကျောင်းတက်နေစဥ် ကာလအတွင်း၌လည်း အထက်ခေါင်းဆောင်များ၏ မူဝါဒ မရှင်းလင်းမှု၊ ရည်ရွယ်ချက် မရိုးသားမှုတို့ကြောင့် မိမိတို့ကိုယ်ကို မိမိတို့ မည်သို့ သတ်မှတ်ရမည်ကို အခက်အခဲရှိခဲ့ကြသလို ကျောင်းဖျက်သိမ်းပြီး နောက်ပိုင်း အချိန်ကာလတလျှောက်တွင်လည်း အဆိုပါ အမှတ်အသားသရုပ် အကျပ်အတည်း (identity crisis) ကို နေရာတိုင်း၌ ရင်ဆိုင်ခဲ့ကြရပြန်သည်။ […]