သရော်စာ

ဂျင်းထဲ့မင်း (သို့မဟုတ်) လူကြီးလူဟောင်းများ

“ဂျင်းထဲ့မင်း (သို့မဟုတ်) လူကြီးလူဟောင်းများ” ငါးမျဉ်းစောင်း မင်းထိပ်ခေါင် ရေးသည်”ဟူး….မောပါ့ဗျာ”ကပ္ပိယကြီးဦးထုံက လက်ထဲက ငါးဆင့်ချိုင့်ကြီးကို ကွပ်ပြစ်ပေါ်အသာတင်လိုက်ရင်း ခေါင်းပေါင်းဖျင်တဘက်ကိုဖြုတ်ကာ နဖူးကချွေးစက်များကို သုတ်လိုက်ပါတယ်။ ဦးထုံက နေ့စဉ် ရွာထဲဆွမ်းချိုင့်လာယူရင်း ရွာလယ်ကွပ်ပြစ် လူစုံရာဝင်လာလေ့ရှိတယ်။”မောရင်…အကြမ်းရည်လေး သောက်လိုက်၊ ခင်မျှမလဲ ဆွမ်းလေးတချိုင့်ဆွဲရသာများ မောရတယ်လို့”“အင်း .. (၇၀) ကျော်လာတော့လည်း ငယ်ငယ်ကလိုတော့ ဘယ်ဟုတ်ပါ့မလဲဗျာ”ငညိုရဲ့မှတ်ချက်စကားကို ရေနွေးမှုတ်သောက်နေတဲ့ ဦးထုံက ခေါင်းခါရင်း . . .”အသက်အရွယ်ကြောင့်မောတာမဟုတ်ဘူး ငညိုရ၊ မင်းတို့ ဘုန်းကြီးကြောင့်””အမ်…ကျုပ်တို့ဘုန်းကြီး မဟုတ်တော့ပါဘူးဗျာ […]
သရော်စာ

Hostage Politics (သို့မဟုတ်) ယတြာနိုင်ငံရေး

“Hostage Politics (သို့မဟုတ်) ယတြာနိုင်ငံရေး”——————————————” အကျဉ်းသား ၆၀၀၀ ပြန်လွှတ်လိုက်ပြီ..တဲ့”ကပ္ပိယကြီး ဦးထုံက “မြောက်မီယမ်မာ” သတင်းစာကိုကိုင်ရင်း အာမေဋိတ် သံပြုလိုက်ရာ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်သောက်နေသော ဗိုလ်ထိပ်ခေါင်က မျက်ခုံးနှစ်ဖက်ကို ဆတ်ခနဲပင့်လိုက်ရင်း …”ဟာ… ဒီကပ္ပိယကြီးကလည်း.. ခက်ပဗျာ ၊ ဒီသတင်းများ ထူးသမှတ်လို့””ထူးသပ ဗိုလ်ခေါင်ရ ၊ ကိုမြအေးတို့ ရွှေညဝါဆရာတော်တို့ အပြင် စာရေးဆရာတွေ၊ လူရွှင်တော်တွေပါ လွတ်လာတာကိုး၊ ပြီးတော့ ရှော်တနဲ ဆိုလား..ဘာလား…….”ကပ္ပိယကြီး က […]