Uncategorized

Telegram မှာလည်း “The Call -​ ခေါ်သံ” ရှိ​နေပါပြီ

https://t.me/the_call_22 ကို join ပြီး “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းက​နေ ​နေ့စဥ်တင်ဆက်​ပေး​နေတဲ့ စာ​ပေရသ ကဏ္ဍမျိုးစုံ အဖုံဖုံကို လက်မလွတ်တမ်း ​စောင့်​မျှော်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Uncategorized

အဘွား ဒေါ်တင်သို့

SWN အဖွားက မျက်လုံးတဘက် မကောင်းဘူး။ သူငယ်ငယ်က ယောကျာ်းလေးတွေနဲ့အပြိုင် မြင်းစီးတာတို့၊ သစ်သားတုတ်ကို လှံတံလိုပစ်တဲ့ ကစားနည်းလိုမျိုးတွေ ဆော့တယ်။ တဘက်ကပစ်တဲ့ တုတ်က သူ့မျက်လုံးကို ထိမိပြီး မျက်လုံးတဘက် အားနည်းသွားတာ။ အဖွားက နတ်မောက် ဇာတိ၊ သူ့ရွာနာမည်ကို ကျနော်ငယ်ငယ်တုံးက ပြောပြဖူးတယ်။ ရွာနာမည် အတိအကျကိုတော့ ကျနော် မမှတ်မိဘူး။ ဘာကြောင့် သူ့ကို သတိရတာလဲဆိုရင် (၁) ပုံပြောကောင်းလို့ပဲ။ (၂) အစားအသောက် ချက်ကျွေးတာ […]

Uncategorized

“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ

“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ ▄▄▄▄▄▄▄▄▄▄▄▄▄▄ ပြည်သူ့တော်လှန်ရေးကြီးက လက်ရှိ အောင်ပွဲအလီလီ ရရှိနေတာကို တော်လှန်ပြည်သူများ တွေ့မြင်၊ ကြားသိနေမှာ ဖြစ်ပါတယ်။ မအလ ဖက်ဆစ်အာဏာရူးရဲ့ နေဝင်ချိန်က နီးကပ်လာနေတဲ့ သဘောပါပဲ။ ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။ ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ […]

Uncategorized

အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ

အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။ အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ […]

Uncategorized

ယုတို့မိခင်ကြီးအတွက် The Call ရဲ့ ဝမ်းနည်း ဂုဏ်ပြုစာလွှာ

‘ယု’ တို့ဆိုတာက ကိုမျိုးမင်းယု (မျိုးကိုမျိုး) နဲ့ ကိုကျော်မင်းယု (ကိုဂျင်မီ) တို့နှစ်ယောက်ကို ညွှန်းဆိုလိုက်တာပါ။ အမှန်ကတော့ ‘ယု’ ဆိုတာ သူတို့မိသားစုထဲမှာ သားအကြီးဆုံးဖြစ်တဲ့ သွားလေသူ ကိုမျိုးမင်းယုကို ရင်းနှီးသူများက ချစ်စနိုးခေါ်တာပါ။ ဒါပေမယ့် ဒီစာမှာတော့ သူတို့ ညီအကိုနှစ်ယောက်လုံးအတွက် ရည်ညွှန်း ခေါ်ဆိုလိုက်ပါတယ်။ သူတို့မောင်နှမတွေရဲ့ မိခင်ကြီး ဒေါ်အမာညွန့်ဟာ ဇူလိုင်လ ၆ ရက် ညနေပိုင်းက ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ စစ်အာဏာရှင် […]

Uncategorized

ဂျူလိုင်”၇”ရက်နေ့ကို မမေ့ကြပါနဲ့

ဆဲဗင်းဇူလိုင်ဆီက သင်ကြားစရာတွေ အများကြီးရှိသည်။ ကျောင်းသားသမဂ္ဂကို နိုင်ငံရေးလေ့ကျင့်ကွင်းလို ခြေစမ်းချင်သူတို့အတွက်လည်း အလွတ်ကျက်ရမည့် သင်ခန်းစာတွေရှိသလို၊ ဇူလိုင် ၇ ရက်နေ့ ရောက်တိုင်း ဘယ်အလံကို အလေးပြုရမလဲ ဗျာများနေသူတို့အတွက်လည်း မျက်နှာလွှဲခဲပစ်လုပ်လို့မရသည့် သင်ခန်းစာတွေရှိသည်။ သမိုင်းရဲ့ သွေးမတိတ်တဲ့ အနာတခုဆိုတာ အချိန်ကာလနဲ့ ကုစားလို့မရနိုင်၊ မြေအုတ်တို့နေရာ ကျောက်အုတ်တို့ဖြင့် အစားထိုးနိုင်ဖို့ကလည်း နီးမလိုလိုနှင့် ဝေးခဲ့ကြရတာ အကြိမ်မနည်း။ တိုင်းပြည်အတွက် သမိုင်းကပေးတဲ့သင်ခန်းစာတွေက လိုတာထက် ပိုနေခဲ့ပြီမဟုတ်ပါလား။ အမှန်တကယ်ကျုးလွန်ခဲ့သူတို့ကို ဖော်ထုတ်နိုင်မှသာ၊ တာဝန်ရှိသည့် […]