ဒုတိယကမ္ဘာစစ်တုန်းကနာမည်ကြီးခဲ့တဲ့ White City
■ SWN ဒုတိယကမ္ဘာစစ်ကာလတုန်းက မော်လူးမြို့မြောက်ဘက်၊ ဟဲနားရွာနားမှာ မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းနဲ့ကားလမ်းကို ဖောက်ထားခဲ့ပါတယ်။ ဒီလိုအရေးကြီးတဲ့ ဂျပန်တပ်တွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကြီး (Line of Communication) ကို ဖြတ်တောက်ပိတ်ဆို့ဖို့ မဟာမိတ်တပ်တွေဟာ အခိုင်အမာ စခန်းတခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစခန်းကို ရိက္ခာ၊ လက်နက်ခဲယမ်းပို့လာတဲ့ လေထီးတွေဟာ များပြားလွန်းလို့ ဒီစခန်းကို မြို့ဖြူတော် (White City) လို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ *အရဲတင်းဆုံး ဆောင်ရွက်ချက်ဟာ […]