ကမ်းလက်

by The Call
166 views

“A Helping Hand”

■ Miroslav Holub (1923-1998)

We gave a helping hand to grass-
And it turned into corn.

We gave a helping hand to fire-
And it turned into a rocket.

Hesitatingly,
Cautiously,
We gave a helping hand
To people,
To some people……



“ကမ်းလက်”

■ အောင်ဇေဦး

ကူညီတတ်တဲ့လက်တဘက်ကို မြက်ခင်းတွေဆီ
ငါတို့ပေးလိုက်တယ်
ဒီလိုနဲ့ အဲဒီမြက်ခင်းဟာ ပြောင်းတခင်းဖြစ်လာလေရဲ့၊

ကူညီတတ်တဲ့လက်တဘက်ကို မီးလျှံတွေဆီ
ငါတို့ပေးလိုက်တယ်
ဒီလိုနဲ့ အဲဒီမီးလျှံဟာ အဝေးပစ်ဒုံးလက်နက်ဖြစ်လာလေရဲ့၊

ချီတုန်ချတုန်နဲ့
သတိကြီးကြီးနဲ့
ကူညီတတ်တဲ့ လက်တဘက်ကို
လူထုဆီ ငါတို့ပေးလိုက်တော့
လူတချို့ဆီ ငါတို့ပေးလိုက်တော့ …..။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment