10
မောင်မိုးအေး

ငွေများတရားနိုင်တဲ့ကွာ
ဟာသပဲ
အသက်နဲ့ အချစ်ထက်
ဘာက ပိုများမလဲ
ဘာက ပိုများမှာမို့လဲကွာ
ထပ်တလဲလဲ
စတေးခဲ့ ပေးခဲ့တဲ့
အသက်တွေကမှ အလေးမသာခဲ့ရင်
ဒီတရားဆိုတဲ့ အရာကိုလည်း
ငါတို့ စီရင်သင့်ရဲ့
ဖောက်ပြန်လေသော
လောကဓမ္မကို
ခေါင်းငုံ့ခံရန် အကြောင်းမရှိ။
12:02 pm
22th July 2024