ခေါ်သံသို့ အမှာစကား

by The Call

ခေါ်သံသို့ အမှာစကား
———————–

နွေဦး​တော်လှန်​ရေးမီဒီယာသမား​တွေစုပြီး The Call ( ​ခေါ်သံ ) အမည်နဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်​စောင် စီစဥ်ကြမယ်လို့ အသိ​ပေးလာ​တော့ အထူးဝမ်း​မြောက်ရတယ်။
မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ အလွှာစုံ၊ လူမျိုးစုံ၊ လူတန်းစားစုံ၊ ကျွမ်းကျင်မှုအစုံ၊ အသိပညာ၊ အတတ်ပညာစုံ ပူး​ပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် “ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်​ရေး” လို့ ဆိုရမယ်။
မီဒီယာသမား​တွေအ​နေနဲ့လည်း ကိုယ်ကျွမ်းကျင်တဲ့ စာနယ်ဇင်းပညာနဲ့ ​တော်လှန်​ရေးမှာ ပါဝင်ကြတယ်၊ ​တော်လှန်​ရေးကို အလုပ်အ​ကျွေးပြုကြမယ်ဆိုတာက ဂုဏ်ယူစရာဖြစ်ပါတယ်။ စာ​ပေ၊ သတင်းနဲ့ အနုပညာရှင်များလည်း The Call ကို ဝန်းရံ​ပေးကြဖို့ ပန်ကြားပါတယ်။

The Call စီစဥ်သူ ဆရာများအားလုံးကို ​လေးစားပါတယ်။
The Call ​အောင်မြင်ပါ​စေ။

ရည်မွန်
​( မောင်တင်သစ် )
ကာကွယ်​ရေးဝန်ကြီး
အမျိုးသားညီညွတ်​ရေးအစိုးရ။

Related Posts

Leave a Comment