4
ချောဘသစ်
‘ငှက်တွေရေကူး ငါးတွေလေမှာပျံ’

” ကိုဌေးမြိုင် ရေ…ရန်သူကသေစေချင်တဲ့အခါ
မသေအောင်နေပေးရတာလဲ တိုက်ပွဲတစ်ခုဗျ “
‘ဗန်းမော်တင်အောင်’
လွတ်လပ်တရားမျှတမှုကိုရိုက်ချိုး
အနာဂတ်ကို သင်းကွပ်ပစ်တယ်
ဘာအရေးလဲ
အသက်ကြိုးကိုဆွဲဖြုတ်ပစ်တယ်
ငါတို့ဟာ ကုန်းပေါ်ပစ်အတင်ခံရတဲ့ငါးတွေလို…
ဘာအရေးလဲ
စစ်ကိုတူးတူးခါးခါးမုန်းစိတ်ဟာ မသေဘူး
တရားဓမ္မဟာ
ဘယ်တော့မှမသေဘူး
ရှင်သန်လိုခြင်းမှော်စိတ်နဲ့
ငှက်တွေဟာရေငုပ်တတ်လာ
ငါးတွေဟာအတောင်ကိုယ်စီနဲ့လေမှာပျံ
အသက်ဟာအောက်စီဂျင်မရှိလည်း ရှင်တယ်
အသက်ဟာ အစာမစားရလည်း မသေဘူး
အသက်ဟာ ရင်ထဲမှာပဲရှိတယ်
အဓမ္မကိုတော်လှန်လိုသောစိတ်ဟာ
အသထိုရ် မြင်းအတောင်နဲ့ပျံသလို…
ငါမသေဘူး
ရေကူးတတ်သလို လေမှာပျံဆဲ
ငှက်တွေရေကူး ငါးတွေလေမှာပျံ…။ ။