စစ်ရေးစစ်ရာ တပတ်တာ (၁၄)

■ နောင်လူသစ်
စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ
☆ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့မှ (၂၁) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း အကြိမ် (၇၀) ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ အဆိုပါတိုက်ပွဲ အကြိမ် (၇၀) တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို စစ်ကောင်စီက တဖက်သတ် လေကြောင်းတိုက်ခိုက်မှု (၄၂) ကြိမ် ပါဝင်သည်။
☆ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမှာ (၄၈) ဦးထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၇) မြို့နယ်အထိ ရှိသည်။
☆ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၂) ကြိမ် ရှိခဲ့သည်။
☆ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA/PDF ပူးပေါင်းတပ်များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်းမှ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နောင်ချို၊ သီပေါမြို့များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းတွင် စစ်ကောင်စီနှင့် RCSS တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၁၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၉၅) ဦးထက်မနည်း ရှိခဲ့သည်။ အဆိုပါ (၉၅) ဦးတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ လိုင်ဗီလာတည်းခိုခန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာတွင် စစ်ကောင်စီတပ်သား (၅၀) ကျဆုံးခဲ့သည်ဟု သတင်းမီဒီယာများ၏ ဖေါ်ပြမှုကို ထည့်သွင်းထားသည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ်ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*