စစ်ရေးစစ်ရာ တပတ်တာ (၂၁)

“စစ်ရေးစစ်ရာ တပတ်တာ (၂၁)”
■ နောင်လူသစ်
– နိုဝင်ဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၁၆) ရက်အထိ –
☆ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၁၆) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၄၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း (၆၁) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ (၄၁) ဦးထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၂) ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၄) မြို့နယ်အထိ ရှိသည်။ ရန်ကုန်တွင် မြို့ပြပျောက်ကြားတိုက်ခိုက်မှု (၄) ကြိမ် ရှိခဲ့သည်။
☆ ရခိုင်ပြည်နယ် အမ်းနှင့် တောင်ကုတ်မြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၁၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ မန္တလေးတိုင်းအတွင်း MDY PDF သိမ်းယူထားသည့် နယ်မြေများကို စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ ကြိုးစားလာသည်ကို တွေ့ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့တွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်၍ နယ်မြေရှင်းလင်းမှုများ ပိုမိုလုပ် ဆောင်လာသည်ကို တွေ့ရသည်။
☆ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သည့် အင်းတော်မြို့သိမ်းတိုက်ပွဲသည် အောက်တိုဘာလအတွင်း အနည်းငယ် ငြိမ်သက်သွားသော်လည်း နိုဝင်ဘာလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
☆ စစ်ကိုင်းတိုင်းအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများ ဖော်ဆောင်ခဲ့ကြသော်လည်း စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူနှင့် အင်အားဖြည့်တင်းမှုများကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာ၍ စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၆၀) ဦးထက်မနည်း ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။ စက်ဝိုင်းအရွယ်ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*