စစ်ရေးစစ်ရာ တလတာ

■ နောင်လူသစ်
သြဂုတ်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃၁ ရက်နေ့ထိ
☆ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ တလတာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ အဆိုပါ တိုက်ပွဲ (၃၃၈) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို စစ်ကောင်စီက တဖက်သတ် လေကြောင်းတိုက်ခိုက်မှု (၅၈) ကြိမ်နှင့် လက်နက်ကြီးနှင့် ပစ်ခတ်မှု (၁၁) ကြိမ်ထက်မနည်း ပါဝင်သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် အရပ်သားသေဆုံးမှု (၁၄၈) ဦးထက်မနည်းရှိခဲ့သည်။
☆ ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ဘေးတိမ်းရှောင်ရန် ကြိုးစားနေသည့် ရိုဟင်ဂျာ အရပ်သား ပြည်သူများထံ လက်နက်ကြီးကျရောက်မှု၊ ရှော့တိုက်ဒုံးများ ကျရောက်မှုကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများက ပြောကြသည်။ ယင်းဖြစ်ရပ်အပေါ် အေအေနှင့် စစ်ကောင်စီ နှစ်ဘက်စလုံးက ငြင်းဆိုထားကြသည်။
☆ တလတာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၂) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၈၈) မြို့နယ်အထိရှိသည်။
☆ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်များအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု AA က ထုတ်ပြန်ထားသည်။ AA ထိန်းချုပ်ထားသည့် ကျိန္တလီမြို့ အနီးဝန်းကျင်တဝိုက်ကို စစ်ကောင်စီကြည်းတပ်နှင့် ရေတပ်တို့ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။
☆ မန္တလေးတိုင်းဒေသအတွင်း မြင်းခြံခရိုင် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေပြီး နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတို့တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၂၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၃၇၀) ထက်မနည်း ရှိခဲ့သည်။
☆ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၄၇) ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ကျောက်မဲ၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*