စစ်ရေးစစ်ရာ တလတာ

“စစ်ရေးစစ်ရာ တလတာ”
■ နောင်လူသစ်
– စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ –
☆ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ (၂၈) ရက်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ အဆိုပါ တိုက်ပွဲ (၃၃၂) ကြိမ်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို စစ်ကောင်စီက တဖက်သတ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု (၁၁၀) ကြိမ်ထက် မနည်း ပါဝင်သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု တို့ကြောင့် အရပ်သားသေဆုံးမှု (၁၉၇) ဦးထက်မနည်းရှိခဲ့သည်။
☆ တလတာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၄) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၇၆) မြို့နယ်အထိရှိသည်။
☆ ရခိုင်ပြည်နယ်၊ ဂွ၊ သံတွဲ၊ အမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စက်တင်ဘာလ နှောင်းပိုင်းတွင် AA ၏ ထိုးစစ်များ အရှိန်မြင့်တက်လာခဲ့သည်။
☆ စက်တင်ဘာလအတွင်း ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်ဒေသတို့တွင် KIA/PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီ၏ ရေကြောင်းမှ စစ်ကူပို့မှုများကို ဖြတ်တောက်တိုက်ခိုက်သည့် တိုက်ပွဲများလည်း အပြင်းအထန် ဖြစ်ပွားခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို၊ သီပေါမြို့တို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ( ၂၂) ကြိမ်ထက်မနည်းရှိခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၁၂၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုသည် (၆၀၅) ယောက်ထက်မနည်း ရှိခဲ့သည်။ နိုင်ငံတဝန်း စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၁၁) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူ ထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင် သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*