တလတာ စစ်ရေးစစ်ရာ

■ နောင်လူသစ်
ဇူလိုင်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃ ရက်နေ့ထိ
☆ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃) ရက်နေ့အထိ (၃၄) ရက်တာအတွင်း မြန်မာနိုင်ငံ တဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၄၃၆) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ဤကာလအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသ (၁၄) ခုလုံးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၇၅) မြို့နယ်အထိရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအရေအတွက် အများဆုံးဖြစ်ပွားခဲ့ပြီး (၆၅) ကြိမ်ထက်မနည်း ရှိခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့တို့တွင် MNDAA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား ဇူလိုင်လအတွင်း တိုက်ပွဲများ အရှိန်မြင့် ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ အစောပိုင်းရက်များအထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
☆ လားရှိုးမြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်ဖြစ်သည့် ရမခကို MNDAA မဟာမိတ်တပ်များက ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၃) ရက်နေ့တွင် ရမခကို အပြီးသတ်သိမ်းနိုင်ပြီဟု သတင်းမီဒီယာများ က ဖော်ပြကြသည်။
☆ မန္တလေးတိုင်းအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး (၅၈) ကြိမ်ထက်မနည်း ရှိခဲ့သည်။ တော်လှန်ရေး အင်အားစုများဘက်က စဉ့်ကူး၊ မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
☆ ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာပြီး တော်လှန်ရေးအင်အားစုများဘက်က မတူပီမြို့ကို သိမ်းပိုက်သည့် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့သည်။
☆ ရခိုင်ပြည်နယ်အတွင်း သံတွဲနှင့် မောင်းတောမြို့တို့တွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့ တွင် တိုက်ပွဲအရေအတွက် အကြိမ် (၁၀၀) ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကြား ဖော်ဆောင်တိုက်ခိုက်မှု (၄) ကြိမ်အထိ ရှိခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ ဤကာလအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၄၃၆) ယောက်ထက်မနည်း ရှိခဲ့သည်။
☆ တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်ကျဆုံးမှု (၃၄) ဦးထက်မနည်း ရှိခဲ့သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၇၀) နှင့်အထက်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
☆ တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်းသီးသန့် အသုံးပြုတိုက်ခိုက်မှုမှာ (၁၉) ကြိမ်ထက်မနည်း ရှိသည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက ဗုံးကျဲ တိုက်ခိုက်မှု တို့ကြောင့် အရပ်သားသေဆုံးမှု (၂၂၁) ဦးထက်မနည်းရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၂) ခု၏ သတင်းများနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*