12
မောင်တင်သစ်
“ဒီမိုကရေစီတိုင်းပြည်ကလေး”

ကျနော်တို့ဟာ
ချစ်ချစ်ခင်ခင် သဘောကွဲလွဲကြမယ်
ပြည်သူများရာစုကို ကိုယ့်ဘက်ပါအောင် စည်ရုံးမယ်
စစ်တပ်ဟာ စစ်တပ်အလုပ်လုပ်မယ်
လက်နက်ကိုင်တွေ ဗိုလ်ကျရင်
လက်နက်ကိုင် ဆန့်ကျင်မယ်
လူ့ဂုဏ်သိက္ခာကို
အသက်ထက် တန်ဖိုးထားမယ်
ပျော်ပျော်ရွှင်ရွှင်
ဒီမိုကရေစီတိုင်းပြည်ကလေးမှာ နေမယ်။
(၂၀၂၄)