မိုးမြင့်ကျော်
ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့
ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်
မင်းအခန်းက မိုးယိုပေါက်
မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့
ကိုယ့်အင်္ကျီချုပ်ရိုး
ဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူး
မင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီ
ကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကို
ချည်ပြန်ထိုးထားလိုက်တယ်
ကိုယ်သိပါတယ် မင်းကတော့
မိုးယိုပေါက်ကို ဒီအတိုင်းထားလို့
ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။
Recent Visitors: 10
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ဖော်ထုတ်သွားမည် ဖြစ်သည်။
Be the first to comment