2
အဇ္စျတ္တ
‘လော်သံကြားမှ မြူးကြွသူ’
”အဲ့လိုသီချင်းတော့ မရှိဘူးဆရာ။ ကျနော်က သာရေးနာရေးနဲ့ အလှူခံတွေဘာတွေပဲ လိုက်တာ။ မွေးမေကျေးဇူးတို့၊ အလှူတော်ကြီးလည်း အောင်ပါပြီတို့၊ အဖေ သူရဲကောင်းပါအဖေတို့၊ ဟက်ပီဘတ်ဒေးတို့ပဲ ရှိတာ။ မဲသီချင်းတို့၊ ဖြူသီချင်းတို့တော့ မရှိဘူးခင်ဗျ”
”လခွမ်းမှပဲကွာ”
”အဲ့အဲ့ ဆရာ…မီးဘေးရှောင်တော့ ရှိတယ်ဗျ။ အဲ့ဒါနဲ့ဆိုရင်ရော။ ခါတိုင်း ကလေးပျောက်ကြေညာတာတွေဘာတွေ မီးဘေးရှောင်နဲ့ပဲ အုပ်ထည့်လိုက်တာ”
”အေး…မဆိုးဘူးကွ။ ကြာတယ်ကွာ။ ထွက်ကြမယ်။ အဓိကက လူကြားဖို့ပဲ”
” ဟုတ်ဆရာ။ ဆရာအော်မယ်ဆို လက်တို့။ သီချင်းပိတ်မယ်။ မိုက်ဖွင့်မယ်။ လာ ဆရာ”
”ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ…မညှာတာ ဘယ်သူမှမထောက်တာ…သူခိုးဓားပြထက် ဆိုးတဲ့ရန်သူဟာ…..ကွိ”
”ရပ်ကွက်အတွင်းရှိ မိဘပြည်သူများခင်ဗျား….
….ရပ်ကွက်အတွင်းရှိ မိဘပြည်သူများခင်ဗျာ….
…မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ပြည်သူ့ကိုယ်စားပြု ပါတီကိုယ်စားလှယ်လောင်းများအား တရားမျှတလွတ်လပ်စွာ လာရောက်ရွေးချယ်မဲပေးကြပါရန် လေးစားစွာ နှိုးဆော်တိုက်တွန်း အပ်ပါသည်ခင်ဗျား…ကွိ”
” ဝမ်းနည်းစရာကောင်းလှအောင် တွေ့မြင်ရ…..ကွိ”
”ရပ်ကွက်အတွင်းရှိ မိဘပြည်သူများခင်ဗျာ…… ……………………..ပြည်သူ့ကိုယ်စားပြု ပါတီကိုယ်စားလှယ်လောင်းများ…………………ခင်ဗျာ”
”အမှိုက်ကအစ လောင်တတ်တာမို့………………….
………………….ဤဇမ္ဗူတခွင်မှာ ရန်သူ…ကွိ”
” ရပ်ကွက်အတွင်းရှိ မိဘပြည်သူများခင်ဗျာ……….
…………………ပြည်သူ့ကိုယ်စားပြု ပါတီကိုယ်စားလှယ်လောင်းများ…………………..ခင်ဗျာ”
”အဲဒီမီးကိုတော့ ကြိုတင်ကာ ထာဝစဥ်ရှောင်ရှားပါ”’
”ရပ်ကွက်အတွင်းရှိ မိဘပြည်သူများခင်ဗျာ……….
မိမိတို့၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက်………….လေးစားစွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်
ခင်ဗျာ….”
”ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ…..မညှာတာ ဘယ်သူ့မှမထောက်တာ သူခိုးဓားပြထက်ဆိုးတဲ့ရန်သူဟာ…. ဤဇမ္ဗူတခွင်မှာ ရန်သူ………”
”ဂိန်ကိန်ကိန်ကိန်ကိန်…..”
”တယ်…ဒီခွေး….တိုက်သတ်ပစ်ကွာ”
”ဝုတ်ဝုတ်ဝုတ်…ဝူအူးအူး……”
(ထပ်ကျော့)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
