အခန်းဖော်

by The Call
155 views
‘အခန်းဖော်’
◼️ ရာမွန်
“မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ”
ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။
အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို ကြားတော့ ကျနော် အားငယ်နေမိတယ်။ အခန်းထဲက နံရံတွေမှာ သူကပ်ထားတဲ့ စာသားတွေနဲ့ ပြည့်လို့။ ဒါတွေက ကျနော့် အသံတွေ မဟုတ်ဘူး။ သူ့အသံတွေ။ ဒါပေမဲ့ ကျနော် သဘောကျတယ်။ တခန်းထဲမှာ လူနှစ်ယောက်နေရင်း နိုင်ငံတခုကို သူ့ကြောင့် အတူတူ ရင်ဆိုင်နေရသလို ခံစားရလို့။
သူ့ကို ဖမ်းသွားတဲ့ညတုန်းက အဲဒီ့အခန်းမှာ ကျနော် မီးမထွန်းတော့ဘူး။ သူ ပြောခဲ့တဲ့စကားတွေကတော့ နားထဲမှာ ကျန်နေဆဲပဲ။
“ဒီအခန်းလေးက တိုက်ခန်းလေး သပ်သပ် မဟုတ်ဘူး။ ပြည်သူ့နန်းတော်ပဲ” တဲ့
ကျနော် သေနတ်ကိုကိုင်ပြီး သူဘွဲ့ယူတဲ့နေ့က အကြောင်းကို ပြန်တွေးနေမိတယ်။ ပြည်သူ့နန်းတော်လို့ သူခေါ်တဲ့ ကျနော်တို့ အခန်းလေးကိုလည်း လွမ်းတယ်။ သူ လိုချင်တာ စစ်ပွဲမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ စစ်ပွဲနဲ့ ချစ်ခြင်းဆိုတာ တခါတလေ တူညီတဲ့အရာမျိုးလို့ ကျနော် ထင်တယ်။ ဒါဟာ လက်ရှိပုစ္ဆာတွေ အတွက်တော့ အဖြေပဲလို့ သူ့ကိုတွေ့ရင် ရှင်းပြရမယ်။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment