ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ

by The Call

“ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ”

■ SWN

အသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရ စကားပုံရှိခဲ့ပေမယ့် စောက်ရေးမပါတဲ့ ယူနီဖောင်းဝတ်ကောင်တွေနဲ့တော့ ဘဝကို မကုန်ဆုံးစေချင်မိ
နှိပ်လိုက်တာနဲ့ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ ဒီ၊ တို ထက်ပိုတဲ့ သံစုံတီးဝိုင်းကို ဦးဆောင်စေချင်မိ
အခြေခံကျမှ အမြင့်လှမ်းနိုင်ပေမယ့် အဆင့်မြင့်မြင့် အမေနဲ့ အလုပ်လုပ်ချင်မိ
ဒီတိုင်းပြည်လောက်ကို ကျနော်ဟာ ရင်မခုန် …
လိုအပ်လို့ လုပ်ရပေမယ့် အမေနဲ့ဆို Cold War ကို Proxy ဆော့ဖို့လည်း ကျနော်တို့မှာ ဇ အပြည့်ရှိတယ်။
မြန်မာကို ကမ္ဘာက မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့တိုင်းပြည်၊ ထိုင်းဘေးနားက နိုင်ငံဆိုတဲ့ တိုင်းပြည်မျိုးထက် ပိုပြီး အလှမ်းကျယ်ကျယ် လုပ်ပြချင် …
ကျနော်တို့မျိုးဆက်ဟာ အတွင်းသာညီညွတ်ရင် အပြင်ထွက်ထိုးဖို့ လက်အိတ်ရော လက်သီးပါ အသင့်ပြင်ထားကြသူချည်းပါပဲ။
Perplexing ဖြစ်တယ်လို့ အမေ့ကို စွပ်စွဲကြပေမယ့် ကမ္ဘာကိုယ်တိုင်က ထွေးရော ယှက်တင်ပဲ၊ Perplexing ဖြစ်တာပဲ။

အပြင်သာ ထွက်ခဲ့လိုက်တော့ အမေ
ကျနော်တို့က ဇတွေ
သွေးရဲလို့ ထွက်လာတဲ့ကောင်တွေချည်းပဲ။

2023 June 29

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment