ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ

by The Call
119 views

“ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ”

■ SWN

အသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရ စကားပုံရှိခဲ့ပေမယ့် စောက်ရေးမပါတဲ့ ယူနီဖောင်းဝတ်ကောင်တွေနဲ့တော့ ဘဝကို မကုန်ဆုံးစေချင်မိ
နှိပ်လိုက်တာနဲ့ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ ဒီ၊ တို ထက်ပိုတဲ့ သံစုံတီးဝိုင်းကို ဦးဆောင်စေချင်မိ
အခြေခံကျမှ အမြင့်လှမ်းနိုင်ပေမယ့် အဆင့်မြင့်မြင့် အမေနဲ့ အလုပ်လုပ်ချင်မိ
ဒီတိုင်းပြည်လောက်ကို ကျနော်ဟာ ရင်မခုန် …
လိုအပ်လို့ လုပ်ရပေမယ့် အမေနဲ့ဆို Cold War ကို Proxy ဆော့ဖို့လည်း ကျနော်တို့မှာ ဇ အပြည့်ရှိတယ်။
မြန်မာကို ကမ္ဘာက မသိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့တိုင်းပြည်၊ ထိုင်းဘေးနားက နိုင်ငံဆိုတဲ့ တိုင်းပြည်မျိုးထက် ပိုပြီး အလှမ်းကျယ်ကျယ် လုပ်ပြချင် …
ကျနော်တို့မျိုးဆက်ဟာ အတွင်းသာညီညွတ်ရင် အပြင်ထွက်ထိုးဖို့ လက်အိတ်ရော လက်သီးပါ အသင့်ပြင်ထားကြသူချည်းပါပဲ။
Perplexing ဖြစ်တယ်လို့ အမေ့ကို စွပ်စွဲကြပေမယ့် ကမ္ဘာကိုယ်တိုင်က ထွေးရော ယှက်တင်ပဲ၊ Perplexing ဖြစ်တာပဲ။

အပြင်သာ ထွက်ခဲ့လိုက်တော့ အမေ
ကျနော်တို့က ဇတွေ
သွေးရဲလို့ ထွက်လာတဲ့ကောင်တွေချည်းပဲ။

2023 June 29

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment