2
ဝိယောဂီ
‘ကပ်သုံးပါးကောင်’
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူး
ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာလောက်
ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။
သူတော်စင် တစ်ပါးလို
ဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့က
ဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလို
မင်းတို့ရဲ့အယူဝါဒစွဲတွေက
ပူလောင်လွန်းလှချည်လား။
ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာ
ငရဲမီးမဟုတ်ဘူး စုန်းမီး
ငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူး
လောင်မြိုက်နေတာ
ငါဟာ ပူလောင်နေတာမဟုတ်ဘူး
တောက်လောင်နေတာ။
ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်
ပြန်ပြန်ပြုပြင်နေရလို့
အချိန်မအားတဲ့ကောင်တွေက
အရေးထဲဆို..သူများကို
သွားသွား ပြုပြင်ပေးနေရသေးတယ်။
ကိုယ့်ကို မသိတဲ့လူတွေရှေ့မှာ
ကိုယ့်ကိုယ်ကိုယ် မသိချင်ဟန်ဆောင်နေ
လိုက်ရတာလောက်
ဘဝမှာ နာကြင်ရတာမရှိဘူး။
ဪ ငါလိုးမရဲ့ ဘဝ။
မတွေ့ချင်ပါဘူးဆိုမှ
မတွေ့ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ထိုင်ခုံချင်းကပ်ရပ် လာလာကျတယ်။
မမြင်ချင်ပါဘူးဆိုမှ
မမြင်ချင်တဲ့ ကောင်မျိုးတွေနဲ့ချည်း
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တည်း
အတူထိုင်လျှက်သား လာလာကျတယ်။
အရေးအကြောင်းဆို
ကိုယ့်အသံကိုယ်တောင် ကိုယ်ပြန်ကြားမှာစိုးလို့
နားကြပ်ထဲကနေ တိတ်တိတ်ကလေး
ပြန်နားထောင်နေရတဲ့ကောင်တွေကချည်း
အလိုက်ကမ်းဇိုးမသိ
အော် အော် ဆဲ ပေးနေရတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
