ကမ်းလက်

by The Call

“A Helping Hand”

■ Miroslav Holub (1923-1998)

We gave a helping hand to grass-
And it turned into corn.

We gave a helping hand to fire-
And it turned into a rocket.

Hesitatingly,
Cautiously,
We gave a helping hand
To people,
To some people……



“ကမ်းလက်”

■ အောင်ဇေဦး

ကူညီတတ်တဲ့လက်တဘက်ကို မြက်ခင်းတွေဆီ
ငါတို့ပေးလိုက်တယ်
ဒီလိုနဲ့ အဲဒီမြက်ခင်းဟာ ပြောင်းတခင်းဖြစ်လာလေရဲ့၊

ကူညီတတ်တဲ့လက်တဘက်ကို မီးလျှံတွေဆီ
ငါတို့ပေးလိုက်တယ်
ဒီလိုနဲ့ အဲဒီမီးလျှံဟာ အဝေးပစ်ဒုံးလက်နက်ဖြစ်လာလေရဲ့၊

ချီတုန်ချတုန်နဲ့
သတိကြီးကြီးနဲ့
ကူညီတတ်တဲ့ လက်တဘက်ကို
လူထုဆီ ငါတို့ပေးလိုက်တော့
လူတချို့ဆီ ငါတို့ပေးလိုက်တော့ …..။

Related Posts

Leave a Comment