က​လောင်ရှင်များထံသို့ ပန်ကြားလွှာ

by The Call
“က​လောင်ရှင်များထံသို့ ပန်ကြားလွှာ”
“The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းသို့ အနယ်နယ်အရပ်ရပ်မှ စာမူများ​ ရေးသား​ပေးပို့ကြသည့်အတွက် များစွာ ​ကျေးဇူးတင်ရပါသည်။
The Call – ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည့် အား​လျော်စွာ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ရသကဲသည့် စာ​ပေကဏ္ဍပေါင်းစုံအား ​​တင်ဆက်သွားမည့်မူကို အခိုင်အမာ ချမှတ်ပြီး ​ရွေးချယ်ဖော်ပြ​နေခြင်း ဖြစ်ပါသည်။
​ပေးပို့လာသည့် စာမူများအား ​ရွေးချယ်ရာတွင် အထက်ပါ မူ နှင့် ကိုက်ညီ​သော စာမူများကိုသာ စိစစ်​ရွေးချယ်​ဖော်ပြသွားမည့်အ​ကြောင်း ​က​လောင်ရှင်များအား ​လေးစားစွာဖြင့် (ထပ်မံ) အသိ​ပေးအပ်ပါသည်။
◼️ အယ်ဒီတာအဖွဲ့

Related Posts

Leave a Comment