
‘ကျမ ကမ္ဘာပြိုသော အခါ’

*ကျမ အမြတ်တနိုးငေးကြည့်ခဲ့ရတဲ့ ရှူ့ခင်းလေးကို
သူတို့ နာကျင်အောင်လုပ်သွားကြတယ်။
*ကျမ အမြတ်တနိုးနမ်းခဲ့ဖူးတဲ့ နဖူးနဲ့ ပါးပြင်မှာ
ကျည်ဆံစတွေရှလို့ရယ်၊
*ကျမ ညင်သာစွာထိုးဆွခဲ့ဖူးတဲ့ သူ့ဆံသားပေါ်မှာ
သွေးစလေးတွေစင်လို့၊
*ကျမ တွဲထားခဲ့ဖူးတဲ့လက်လေးတွေမှာလည်း ခြစ်
ရာလေးတွေ ဖြစ်လို့ရယ်၊
*ကျမကို နူးညံ့စွာဖက်ထားခဲ့ဖူးတဲ့ သူ့ရင်ခွင်မှာ
ကျည်ဆံရာတွေ၊ လေယာဉ်ရာတွေ ဗလပွနဲ့ သွေးတွေစို့လို့၊
*ဓားရှရင်တောင် နာတယ်လို့ ပြောဖူးတဲ့သူက
ရင်ဘတ်ထဲ ကျည်စိုက်ဝင်နေပါရဲ့
*ကျမရင်ဘတ်မှာ မီးတွေတောက်နေလိုက်ပုံများ
‘မောင်မှဟုတ်ပါ့မလား’ ဆိုတဲ့စိတ်နဲ့ လက်မှာထိုးထားတဲ့တတ်တူးလေးကြောင့်သာ တကယ်ပဲသူပါပဲလေဆိုပြီး ကျမဒူးခွေကျခဲ့ရတယ်…
*အချစ်ရေ ဘယ်လောက်တောင်
ကျမ ဘဝပျက်ဆီးသွားခဲ့ရလည်း အချစ်သိလား…?
*အဲ့နေ့ရဲ့နောက်မနက်ခင်းမှာ ကျွန်မအချစ် ရဲ့ခေါ်သံကို ကြားနေသေးတယ်။ သေချာတာတခုက အဲ့နေ့ကစပြီး ခဏလေးတောင် အသံမကြားရတော့သလိုအချစ်ကို ကျမ အခုထိမမြင်ရတော့တဲ့အထိပဲ…
*ဘယ်သူ့ကိုမှမယုံနဲ့၊ ယောကျာ်း ပြောတာကလွဲရင်ဆိုတဲ့စကားအတိုင်း အခုထက်ထိလူတွေကို အချစ်လောက် ကျမ မယုံကြည်ရဲခဲ့ဘူး ..
*ခုနောက်ပိုင်း ကျမ လေယာဥ်သံတွေကြားရင်
အရမ်းကြောက်တတ်လာတယ်၊
ပစ်ခတ်သံတွေကို ကျမ မုန်းတယ်
တခုခုနဲ့ကြုံလာရင်တော့
အချစ်နာမည်ပဲ ကျမရေရွတ်မိတယ်..
**မုဆိုးမဆိုတဲ့ ခေါင်းစဉ်တခုအောက်မှာ
ကျမအချစ်နဲ့ မတည်ဆောက်ဖြစ်တော့တဲ့
မိသားစုလေးအကြောင်းတွေးရင်း
မျက်ရည်အပြိုင်ပြိုင် ကျခဲ့ရတယ်.
**စနစ်ဆိုးရဲ့ခေတ်တခေတ်မှာ
ကျမလို သူပုန်မိန်းမတွေ
ဘယ်နှစ်ယောက်တောင်
ရင်ကွဲနာကျခဲ့ရလည်းဆိုတာ
ကျမ လူတစ်ချို့ကို သိစေချင်တယ် အချစ်ရယ်….
//ရင်နှင့်ရင်း၍ရေးခဲ့သည်//
ခွဲမှူးနဂါး နေမင်းမိုးအတွက် ….
Be the first to comment