12
အလင်းအိမ် (အညာ)

ငယ်ငယ်က ပိုက်ဆံပစ်တိုင်းကစားဖူးလား။
ခေါင်မှာပဲ အသက်ရှိတယ်လို့
ယူဆပီး ကစားတဲ့ ကစားပွဲတခုမှာ
ခေါင်မှန်တာနဲ့ သစ်သစ်ဟောင်းဟောင်း
ကျန်တဲ့ပိုက်ဆံစေ့တွေဟာလည်း အလိုလိုသေရမှာပဲ။
အသက်ရှိတယ်ဆိုတာ ဉာဏ်ပညာရယ်
ချစ်ခြင်းတရားရယ် ရှိတာကိုခေါ်တယ်။
အားလုံးဟာ ခေါင်လိုဖြစ်နေရမယ်။
ခေါင်ထိတာနဲ့ တန်းစီသာသေကြေးဆိုရင်
အကုန်မျိုးတုံး ကုန်မှာပဲ။