ခေါ်သံသို့ အမှာစကား

by The Call
168 views

ခေါ်သံသို့ အမှာစကား
———————–

နွေဦး​တော်လှန်​ရေးမီဒီယာသမား​တွေစုပြီး The Call ( ​ခေါ်သံ ) အမည်နဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်​စောင် စီစဥ်ကြမယ်လို့ အသိ​ပေးလာ​တော့ အထူးဝမ်း​မြောက်ရတယ်။
မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ အလွှာစုံ၊ လူမျိုးစုံ၊ လူတန်းစားစုံ၊ ကျွမ်းကျင်မှုအစုံ၊ အသိပညာ၊ အတတ်ပညာစုံ ပူး​ပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် “ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်​ရေး” လို့ ဆိုရမယ်။
မီဒီယာသမား​တွေအ​နေနဲ့လည်း ကိုယ်ကျွမ်းကျင်တဲ့ စာနယ်ဇင်းပညာနဲ့ ​တော်လှန်​ရေးမှာ ပါဝင်ကြတယ်၊ ​တော်လှန်​ရေးကို အလုပ်အ​ကျွေးပြုကြမယ်ဆိုတာက ဂုဏ်ယူစရာဖြစ်ပါတယ်။ စာ​ပေ၊ သတင်းနဲ့ အနုပညာရှင်များလည်း The Call ကို ဝန်းရံ​ပေးကြဖို့ ပန်ကြားပါတယ်။

The Call စီစဥ်သူ ဆရာများအားလုံးကို ​လေးစားပါတယ်။
The Call ​အောင်မြင်ပါ​စေ။

ရည်မွန်
​( မောင်တင်သစ် )
ကာကွယ်​ရေးဝန်ကြီး
အမျိုးသားညီညွတ်​ရေးအစိုးရ။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment