1
ပန်းနုဝင်း
‘ခြေလှမ်းတွေရဲ့ရာဇဝင်’

အသက်ရှင်ရခြင်းမှာ
ဒုက္ခပန်းတွေ
အဆုပ်လိုက် အခိုင်လိုက်ပွင့်တဲ့ နှစ်ကာလတွေ။
အသိဉာဏ်ရှိသလောက် အမှန်ကိုချစ်ခဲ့တယ်။
နောက်ပြန်လှည့်ကြည့်တော့
ကန္တာရကိုဖြတ်ခဲ့တဲ့ ကိုယ့်ခြေလှမ်းတိုင်းမှာ
လှလှပပ ပျံဝဲနေတဲ့ ကိုယ့်လိပ်ပြာတွေ။
ဘုရားရှင်ခွင့်ပြုတဲ့ အမှားသေးသေးလေးတခု
ကျူးလွန်မိတာက လွဲလို့…
ကိုယ်ရိတ်သိမ်းချင်တဲ့အပင်
ကိုယ် စိုက်ခဲ့တယ်။
ကိုယ့်ကိုယ်ကို အတိအကျ ယုံကြည်ဖို့ပါပဲ။
ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့အသက်တွေ
အပြစ်တွေ ထုတ်ကြည့်ဖို့ အချိန်မရှိိဘူး။
အချစ်တွေနဲ့ သန်မာကြစေ။