25
ဗကိုသက်
‘ငလျင်လှုပ်ပြီးနောက် ၇၂ နာရီ’
အပူရှောင်စရာဖြစ်ဖြစ်
ငလျင်ရှောင်စရာဖြစ်ဖြစ်
မေမြို့မှာ
ကျွန်တော်တို့
အိမ်မရှိပါဘူး …
ရှိတဲ့အိမ်ကလေးလည်း
သံလျက်မှော်မှာ
အခု
မရှိတော့ဘူး …
ကျုံးဘေး လမ်းလယ်ကျွန်းမှာ
မိုးကာတဲထိုးပြီး
အခု
ကျွန်တော်တို့ နေပါတယ် …
တော်သေးတယ်
ကျွန်တော်တို့မှာ
နေစရာ အသက်ရှိသေးတယ် …
ကျွန်တော်တို့မိတ်ဆွေများ
တော်တော်များများ
အသက်မရှိကြတော့ဘူး …။
၃၁၊ မတ်၊ ၂၀၂၅။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
