စကားပြောသော အင်္ကျီများ

ညို​အောင်

by The Call
1 views
“စကားပြောသော အင်္ကျီများ”
◼️ညို​အောင်
အိုးဘိုတက္ကသီလာမှာ မဖြစ်မနေ ပညာသင်ယူဖို့ အစိုးရကနေ စကောလားရှစ်ပေးခဲ့ပြီးနောက် ၁ လ ကျော်လောက်ကြာတဲ့အခါမှာ ကိုညိုချောရယ်၊ ဗလကြီးရယ်၊‌ မောင်ပုတက်လေးရယ် (၃)ယောက်သားဟာ အကြောင်းအရာတခုကို ဆွေးနွေးဖြစ်ခဲ့တယ်။ သူတို့ သုံးယောက်က အဆောင်(၁)မှာ နေရတာဆိုတော့ အစပိုင်းမှာ တခုခုဆို ဒီ(၃)ယောက်ပဲ စကားပြောဖြစ်ကြတာပေါ့။
ဖက်တီးနဲ့ ဟိုကောင် ခေါကြီးက အဆောင်(၂)၊ အရှည်ကြီးရယ်၊ ဆိုက်ပိရယ်၊ မောင်ဂျစ်ကန်ရယ် သုံးယောက်သားက အိပ်ဆောင် အမှတ်(၅) နဲ့ လူမိုက်လမ်းဆုံး သမ္ဗန်ကုန်းက နေ့ပြန်တိုးပေးပြီး ဘဝကိုရုန်းကန်ခဲ့ရတဲ့ ဘေထော် ကတော့ တကိုယ်တည်း အိပ်ဆောင်(၆)မှာ နေရတယ်။ အိပ်ဆောင်(၃) နဲ့ (၄)မှာကတော့ စကောလားရှစ် ဝင်ခွင့်ရဖို့အတွက် သက်ဆိုင်ရာမြို့နယ်၊ တိုင်းတွေအလိုက် ရေးဖြေအောင်လာပြီးလို့ လူတွေ့စာမေးပွဲဖြေနေရတဲ့ သူတွေနေကြတာ။ ရေးဖြေအောင်ရုံနဲ့ကတော့ ယာယီကျောင်းသားပဲ လုပ်လို့ရတယ်။ လူတွေစ့ာမေးပွဲအောင်မှသာလျှင် အမြဲတမ်းကျောင်းသားအဖြ စ်အိပ်ဆောင်(၁)၊ (၂)၊ (၅) နဲ့ အိပ်ဆောင် (၆) စတဲ့ အဆောင်တွေထဲက အဆင်ပြေတဲ့ အိပ်ဆောင်ကို အ‌ဆင်ပြေသလို ပြောင်းရွေ့ပြီး ပညာသင်ကြားရတယ်။
အိုးဘို တက္ကသီလာရဲ့ပညာသင်ကြားရေးစနစ်က အင်မတန် လက်တွေ့ကျတယ်။ ပညာသင်ကြားရတဲ့ကျောင်းသားတွေက ကိုယ်ကိုယ်တိုင် လေ့လာပြီး ပညာကို ဆည်းပူးခဲ့ရတဲ့စနစ်ဆိုတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိဘဲ လက်သည်ချည်း အားကိုးနေရင်တော့ ခံပေရောပဲ။ အများအခေါ် “စာတတ်” ဖို့ဆိုရင်တော့ ကိုယ်တိုင်လေ့လာ ၊ ကိုယ်တိုင်သင်ယူမှပဲဖြစ်မယ်။ အစိုးရက စကောလားရှစ်ရတဲ့ ကျောင်းသားတွေအတွက် လုံခြုံရေးကအစ တာဝန်ယူပေးထားတယ်။‌ ကျောင်းသားတယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ နေဖို့အိပ်ယာ၊ စားဖို့ ထမင်းနဲ့ဟင်း (တခါတလေသီးစုံပါတာပေါ့) စတဲ့ အရာတွေကို ပေးတယ်။ အသားဟင်းက တပတ်လုံး (၄)ရက် ဟားဟား…. ငါတို့ဟာ ဗမာပြည်တဝှမ်းကို ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါဆိုပြီး နေလာခဲ့တဲ့ကောင်တွေပဲ။ ဆရာအောင်ချိမ့် လေသံအတိုင်း ပြောရရင် ‘မင်းလားကွ အိုးဘို!မင်းလားကွအိုးဘို!’ ဆိုပြီး သံပြိုင်ဟစ်ကြွေးလိုက်ချင်ရဲ့။ ထားတော့…. အိုးဘိုအကြောင်းသိကောင်းစရာတွေကတော့ သက်သက်တင်ပြရမဲ့ အပိုင်းပဲ။
တရက်သား နံနက်စာ ကော်ဖီနဲ့ မုန့် စားသောက်ပြီးချိန်မှာ ဗလကြီးကတော့ ကော်ဖီ(၅)ထုပ်နဲ့ လဲပြီးမှရတဲ့ ပွတ်ချွန်း(၁)လိပ်ကို နှစ်ချက်ဆင့် ရှိုက်လိုက်ပြီးတဲ့နောက် ရုတ်တရက်ကြီး ပြောချလိုက်တာက
’ကိုညိုချောရာ… အိပ်ယာထက်က အလွမ်းတွေက ညှီစော်နံလွန်းတယ်ဗျ’
‘ဟမ်… ဘယ်လိုကြီးလဲဗျ ကိုဗလကြီးရ….ခင်ဗျားတို့ အကြီးနှစ်ယောက်ထဲနားလည်မဲ့ စကားတွေ‌မပြောကြနဲ့လေဗျာ ကျနော့်ကိုလည်းအဓိပ္ပါယ်လေး လင်းကြပါအုံး…….’
ဗလကြီးဆီက ပွတ်ချွန်းကို လက်ဆင့်ကမ်းပြီး မရှိုက်နိုင်သေးဘဲ မောင်ပုတက်တယောက် ဗလကြီးရဲ့ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဘဝအမြင်အပေါ် တအံတဩနှင့် ပြန်၍ မေးမြန်းစူးစမ်းတော့သည်။
ဒီကောင်က ကျနော်တို့ အပတ်စဉ်မှာ အငယ်ဆုံး၊ ပြီးတော့ တခုခုဆို ကျနော်နားမလည်လို့ ပြောပြပါအုံးဗျ၊ ပြောပြအုံးဗျဆိုပြီး ပညာတော်သင်အချင်းချင်း ဦးနှောက်ဖောက် စားတတ်တယ်။ လူပုသလောက် အတော်ရှည်တဲ့ကောင်ပါ။
‘ဘယ်လိုလဲ ဗလကြီးရ၊ ပိုက်ပေါက်တတ်နေပြီလား၊ ခင်များဟာက ခုမှ ကျောင်းကို ရောက်တာ (၁)လကျော်ရုံပဲရှိသေးတာကို `
ပထမဆုံး စကောလား ရတဲ့ ကျောင်းသားသစ်လေး မောင်ပုတက်ရဲ့ ကြားဝင်လေရှည်နေမှုကို ဂရုမစိုက်ဘဲ ကိုညိုချော တယောက် ပွတ်ချွန်း အသစ်‌တလိပ်ကို မီးကူးလိုက်ပြီးတဲ့နောက် အတွေ့အကြုံရင့်တဲ့ စီနီယာကျောင်းသားကြီး ဂိုက်အပြည့်ဖမ်းကာ ပွတ်ချွန်းဆေးလိပ်ငွေ့ကို အပျောက်ရှိုက်၍ ဗလကြီးအား လက်ချာ ရိုက်လေတော့သည်။
အကြီးနှစ်ယောက်ကြားတွင် ထိုင်နေသော မောင်ပုတက်မှာ ရှုးရှုးရှဲရှဲဖြစ်လာသည်။
’ဟေ့လူကြီးတွေ…..ကျနော်က ဘေးကနေ ခွေးဟောင်နေတာမဟုတ်ဘူး….. လူစကားပြောနေတာဗျ၊ နည်းနည်းလေး‌‌စောက်ဖတ် လုပ်ကြအုံး ၊ ခင်ဗျားတို့နဲ့ နေချင်လွန်းလို့၊ အတူတူကျောင်းတက်ချင်လွန်းလို့ အိမ်ပေါ်ကနေ ဆင်းလာပြီး ဒီတက္ကသီလာ ဝင်ခွင့်ကိုအတူတူဖြေခဲ့ကြတာ၊ ခင်ဗျားတို့ အကြီးတွေမှာ ကျနော့်ကိုပျော်အောင်ထားရမဲ့ တာဝန်ရှိတယ်။ တွဲခေါ်ရမဲ့ စီနီယာ၊ ဂျူနီယာ ကျင့်ဝတ်ရှိတယ်။ ပထမ စကားတောင်နားမလည်သေးဘူး၊ ဘာတဲ့ နောက်တယောက်က ‘ ပိုက်ပေါက်တတ်နေပြီလား ဆိုပဲ…ငလူးကြီးတွေ ဘာတွေပြောနေကြတာလဲ….’။
ထိုအခါမှ ဗလကြီးက သူ့ပုံစံအတိုင်း ပြုံးစိစိနဲ့ဖြင့် ‘အဲ့သလို မဟုတ်ပါဘူး မောင်ပုတက်ရာ….. ငါလည်း ကိုညိုချောပြောတဲ့ ပိုက်ပေါက်တယ်ဆိုတာကို ဟိုတနေ့ကမှ အခြားနှစ်ကြီး ကျောင်းသားတယောက်ကို မေးမြန်းရင်းနဲ့သိရတာ၊ ငါတို့က လူတွေဆီကနေလည်း သင်ယူရမယ်။ စာအုပ်စာပေတွေထဲကနေလည်း ဝမ်းစာဖြည့်ရမယ် မဟုတ်လား…. ပိုက်ပေါက်တယ်ဆိုတာနဲ့ အိပ်ယာထက်က အလွမ်းတွေက ညှီစော်နံလွန်းတယ်ဆိုတာ တကယ့်တကယ့်တော့ အတူတူပဲ မောင်ရေ….ယောနိလို့ ဆဲတာနဲ့ နီနီရဲရဲပြဲပြဲကြီး ဖရဲသီး…. ဖရဲသီး လို့ဆဲတာနဲ့ အတူတူပဲလို့ ဆိုသလိုပေါ့ကွာ…။’
‘အေး ခုမင်းသိချင်တဲ့ အဓိပ္ပါယ်တွေကို စကောလားရှစ်တွေ ခဏခဏရနေတဲ့ ကိုညို‌ချောပဲ ရှင်းပြပေးလိုက်တော့ဗျာ……’ ။
‘အဟမ်း….. ပရိတ်သတ်ကြီးက တောင်းဆိုလွန်းတော့လည်း ဒီအဆိုရှင်က အသံဝင်ချင် ဝင်သွားစမ်းပစေ….. အသံကုန်ဟဲရတော့မှာပေါ့’ ။
ကိုညိုချောမှာ တခုခုဆို ဒီလိုပဲ စောက်ကြီးစောက်ကျယ် ပြောနေကျဆိုတော့ ဗလကြီးနဲ့ မောင်ပုတက်တို့ နှစ်ယောက်သားမှာငြိမ်၍သာ နားစွင့်နေရတော့သည်။ စိတ်ထဲမှာတော့ ‘ငါလူးကြီး ပြောစရာရှိတာမပြောဘူး….စောက်ရစ်တွေရှည်နေပြန်ပြီ ’ ဟု မချိတင်ကဲ ကျိန်ဆဲနေကြလေတော့သည်။
‘ဒီမယ်ဗျ…ကျနော် ပထမဆုံးပြောချင်တာက ဒီလိုမျိုးတက္ကသီလာကျောင်းတွေမှာ…စီနီယာ ၊ ဂျူနီယာ မရှိဘူး…ရဲဘော်ရဲဘက်စိတ်ပဲရှိတယ်……အဲ့လို စီနီယာ၊ ဂျူနီယာ ခွဲခြားပြီး ဆက်ဆံချင်တဲ့ကောင်တွေက ကျပ်မပြည့်တဲ့၊ ဘဝင်ရှူးရူးနေတဲ့ လူ့ငနွားတွေပဲ….. အတူတူပညာဆည်းပူးနေကြရတဲ့ သူတွေအချင်းချင်း နိုင်ထက်စီးနင်း လုပ်ချင်ကြတဲ့၊ လုပ်နေကြတဲ့ကောင်တွေရဲ့ မကောင်းတဲ့ ညဉ်ပေါ့ဗျာ။
ဆိုတော့….ကျနော့်ကို စီနီယာတယောက်အနေနဲ့ မခေါ်ဝေါ်စေချင်၊ မသတ်မှတ်စေချင်ဘူး၊ အကြီးတယောက်‌အနေနဲ့ စကောလားရှစ်တွေနဲ့ ခဏခဏရောက်နေတဲ့ ကျောင်းသားကြီးတယောက်အနေနဲ့ ရိုသေလေးစားပြီး ကျိတ်ကြည်ညိုခွင့်ကတော့ ကျနော်လည်း တားလို့မရတာဆိုတော့ ရှိပါစေတော့…. ကဲ! မောင်ပုတက်ရေ….. မင်းအိမ်မက်ထဲမှာ လိင်စိတ်ထကြွ‌သောင်းကျန်းပြီး မင်းကိုယ်တိုင်တောင် သတိမထားမိလိုက်ခင် သုတ်ရည်တွေ ထွက်ကျလာတာမျိုးကြုံဖူးလား…အေး အဲ့တာကို ပိုက်ပေါက်တယ်လို့ ခေါ်သကွ။ အဲ့လိုမျိူးဖြစ်တာကို ငါတို့က (အဲ့…ခုနက ဗလကြီးပြောသလို) အိပ်ယာထက်က အလွမ်းတွေက ညှီစော်နံလွန်းတယ်လို့ ယဉ်ကျေးလိမ္မာအောင် ပြောဆိုသုံးနှုန်းတာ…. ဘာလို့လဲဆိုတော့ ငါတို့တွေက ယဉ်ကျေးလိမ္မာပြီး အင်္ဂလိပ်စာ အထူးကောင်းမွန်တဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေပဲမဟုတ်လား…… ဟဲဟဲ ’
ကိုညိုချောမှာ စစ်တိုင်းကို အနိုင်တိုက်နိုင်ခဲ့သော စစ်သူကြီးတယောက်ရဲ့ဝံ့ကြွားမှုမျိုးဖြင့် လျှောက်တင်ပြောဆိုပြီးတဲ့နောက် အနားမှာရှိတဲ့ ရေဘူးထဲမှ ရေကို
နှစ်ဂွတ်ဆက်တိုက်မော့ချလိုက်သည်။
မောင်ပုတက်မှာ နားထောင်​နေရင်းကနေ စပ်ဖြဲဖြဲဖြစ်လာသည်။ သူခိုးလူမိသော မျာက်နှာပေးဖြင့် ပြုံးကာ ရယ်မောနေလေသည်။ ဒါကို မြင်သော ဗလကြီးက မောင်ပုတက်အား လှမ်းပြောလိုက်သည်မှာ
‘ဟေ့ …..ပုတက် ဘယ်လိုလဲ …. မင်းက အိမ်မက်ထဲမှာ ယောင်ရမ်းပြီး အပြင်မှာ တကယ်ကြီး ပြီးသွားဖူးတယ်မလား… ’။
မောင်ပုတက်မှာ ပျာပျာသလဲဖြင့် ‘ဟာဗျာ…ခင်များတို့ အကြီးတွေက တော်တော်ဆိုးတဲ့ လူတွေပဲဗျာ ’ဟု ဆိုကာ ရှက်ရမ်းရမ်း၍ စကားဝိုင်းမှထကာ ပြေးထွက်သွားလေတော့သည်။ ကိုညိုချောနဲ့ ဗလကြီးမှ ရယ်ရလွန်း၍ မျက်ရည်များ ထွက်ကျပြီး ဝမ်းဗိုက်များ အောင့်လာသည် အထိပင်……
အိုးဘို တက္ကသီလာမှာ နေရတဲ့အခိုက် ‘အိပ်ယာထက်က အလွမ်းတွေက တကယ်ကို ညှီစော်နံလွန်းခဲ့ပါတယ်’။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment