စက်ဝိုင်းရဲ့ ဧရိယာ

ဟာရှိန်း

by The Call
1 views
‘စက်ဝိုင်းရဲ့ ဧရိယာ’
◼️ဟာရှိန်း
ဆန္ဒ။ ငါ့ပြင်းပြမှုတွေကို အတောင့်လိုက်အခဲလိုက် မြိုချလိုက်ဖို့ ။ အလင်းနှစ်ရှည်ကြာ စောင့်ခဲ့ရ။ မာန။ အလျှံတညီးညီး ကြယ်များ။ ကောင်းကင်ကို တက်ရှို့မယ့် သွေးအဖြစ်နဲ့။ အချစ်။ မသိခြင်း လောင်စာများ အရိုးကြေကြေ အရေခန်းခန်း ရင်ခုန်ဖို့။ ဂီတ။ ညစ်ညူး အမှိုက်သရိုက်အပြည့်တောင်ကျချောင်းရေ ကြည်လင်လာမယ့်အချိန်။
ဟာသ။ ပေါက်ကွဲတော့မယ့် မပျော်ရွှင်မှုရဲ့ အရောင်ရင့်ရင့်။ ပိုင်ဆိုင်မှု။ အိပ်မက်ရဲ့အခွံသက်သက်။
ပြေးထွက်မရတဲ့အခါ
ညဘက်
အိပ်မရတဲ့အခါ
ရပ်တန့်နေရုံပဲ
ကြယ်တွေရေတွက်နေရုံပဲ။
ဆီကုန်နေတဲ့ ကားတစင်း။ ဘေလ်ကုန်နေတဲ့ ဆင်းကဒ်တခု။ ပြိုပျက်တော့မယ့် တိုင်းပြည်တခု။ အားလုံးကို ကျောခိုင်းလိုက်ပါတယ်။ အားလုံးနဲ့ ပြန်တွေ့ဖို့။ အသစ်က ပြန်စလိုက်ကြမလား ။ နောက်ထပ်တကြိမ် ဟောင်းနွမ်းဖို့။အိုမင်းမစွမ်းဖြစ်ဖို့။ နောက်ထပ်တကြိမ် စောက်သည်းကွဲဖို့။ ရွံဖို့ကောင်းတဲ့ ကြီးမြတ်မှုတွေကို နောက်ထပ်တကြိမ် ပြက်ရယ်ပြုဖို့။
ဂျူလိုင်၊၂၀၂၅

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment