စစ်ရေးစစ်ရာ တပတ်တာ (၁၂)

◾️နောင်လူသစ်
စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ
☆ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၈) ကြိမ် ထက်မနည်းဖြစ်ပွားခဲ့သည်။
☆ အဆိုပါတိုက်ပွဲ (၅၈) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို စစ်ကောင်စီက တဘက်သတ် လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၂)ကြိမ်ထက်မနည်း ပါဝင်သည်။
☆ နိုင်ငံတဝန်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် တပတ်တာအတွင်း အရပ်သားသေဆုံးမှု (၄၂) ဦးထက်မနည်းရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၂) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၃၃) မြို့နယ်အထိရှိသည်။
☆ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁)ကြိမ်ရှိခဲ့ပြီး မန္တလေးမြို့တွင်းသို့ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခတ်မှုလည်းရှိခဲ့သည်။
☆ ရခိုင်ပြည်နယ်တွင် သံတွဲမြို့နယ်အတွင်း ကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်စခန်းကို စက်တင်ဘာ ၅ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းနိုင်ခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ဖြစ်သည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
☆ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအချို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၄၀၈) ဦးထက်ထက်မနည်း ရှိခဲ့ပြီး ရခိုင်ပြည်နယ် သံတွဲမြို့ မောင်ရွှေလေး ရေတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၄၀၀) ကျော်ကျဆုံးကြောင်း အေအေက ထုတ်ပြန်ထားသည်။
☆ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ တပ်စခန်းကြီးငယ်ပေါင်း (၈) ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူ ထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြား နိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*