စစ်ရေးစစ်ရာ တပတ်တာ (၂၄)

“စစ်ရေးစစ်ရာ တပတ်တာ (၂၄)”
■ နောင်လူသစ်
– ဇန်နဝါရီလ (၅) ရက်နေ့မှ ဇန်နဝါရီလ (၁၁) ရက်နေ့အထိ –
☆ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှ ဇန်နဝါရီလ (၁၁) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း အကြိမ် (၅၀) ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၁၆ ) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၅၄) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၄) မြို့နယ်အထိ ရှိသည်။ ရခိုင်ပြည်နယ် ဂွမြို့နှင့် ထိစပ်နေသည့် ဧရာ၀တီတိုင်းဒေသအတွင်းရှိ မြို့နယ် ကျေးရွာများ၌ တိုက်ပွဲများ စတင်ဖြစ်ပွားလာသည်။
☆ တပတ်တာအတွင်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ တပ်စခန်း (၄) ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် မံစီမြို့ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၄၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၈၇) ဦးထက်မနည်း ရှိခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၄) ဦးထက်မနည်းကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးနိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ်ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 352 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*