
“စစ်ရေးစစ်ရာ တပတ်တာ (၂၈)”
■ နောင်လူသစ်
– ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့အထိ –
☆ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၆၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှုအရေအတွက် ( ၅၈ ) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၄၉) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၉) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၄) မြို့နယ်အထိ ရှိသည်။
☆ တပတ်တာအတွင်း စစ်ကောင်စီတပ်စခန်း (၅) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
☆ ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖေါ်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ကချင်ပြည် နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှု များပြားသည်ဟု သတင်းများ ဖေါ်ပြကြသော်လည်း တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း (၂) ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
☆ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကလေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ မုံရွာနှင့် ချောင်းဦးမြို့နယ်များရှိ ကျေးရွာများကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ၊ ပုလောမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူး၊ မကွေးနှင့် ဧရာ၀တီတိုင်းဒေသတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း အကြိမ် (၃၀) ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှု (၄၁) ဦးထက်မနည်း ရှိခဲ့သည်။ တော်လှန်ရေးအင်အားစုများဘက်က (၄) ဦးထက်မနည်း ကျဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ်ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment