စစ်ရေးစစ်ရာ တပတ်တာ (၂၉)

“စစ်ရေးစစ်ရာ တပတ်တာ (၂၉)”
■ နောင်လူသစ်
– ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့အထိ –
☆ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၇၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၄၅) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၃၉) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၃) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၃၁) မြို့နယ် အထိ ရှိသည်။
☆ တပတ်တာအတွင်း စစ်ကောင်စီတပ်စခန်း (၁၃) ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
☆ ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖေါ်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
☆ စစ်ကိုင်းတိုင်းအတွင်းရှိ၊ ချောင်းဦး၊ အင်းတော်နှင့် ကလေးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကလေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းအတွင်းရှိ ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး အရက္ခတပ်တော် (အေအေ) နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
☆ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ် အမ်း-ပဒါန်း လမ်းပိုင်း၌လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
☆ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ တိုးမြှင့် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၃၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၃၀) ဦးထက်မနည်း ရှိခဲ့သည်။ တော်လှန်ရေးအင်အားစုများဘက်က (၈) ဦးထက်မနည်း ကျဆုံးခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*