
“စစ်ရေးစစ်ရာ တပတ်တာ (၃၂)”
■ နောင်လူသစ်
– မတ်လ (၁၄) ရက်မှ မတ်လ (၂၂) ရက်အထိ –
☆ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၄) ရက်မှ မတ်လ (၂၂) ရက်အထိ ရက်နေ့အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၇၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၅၁) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၃၅) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၃) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၆) မြို့နယ်အထိ ရှိသည်။
☆ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာ၀တီတိုင်းအတွင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော် (အေအေ) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား ယခုသီတင်းပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
☆ ဧရာ၀တီတိုင်းအတွင်းရှိ ငသိုင်းချောင်း၊ လေးမျက်နှာမြို့များရှိ ကျေးရွာများ၌ အာရက္ခတပ်တော် (အေအေ) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အမြောက်တပ်များရှိသော တောင်ခမ်းဒေသ၌လည်း စစ်ကောင်စီက လေကြောင်းနှင့် မြေပြင်ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၃၂ ) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၁၃၆) ဦးထက်မနည်း ရှိခဲ့သည်။
☆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီဘက်က ၇၀ ခန့် သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန် ဖော်ပြထားသည်ကို တွေ့ရသည်။
☆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment