စစ်ရေးစစ်ရာ တပတ်တာ (၃၃)

“စစ်ရေးစစ်ရာ တပတ်တာ (၃၃)”
◾️ နောင်လူသစ်
– မေလ (၁၀) ရက်မှ မေလ (၁၇) ရက်အထိ
☆ ၂၀၂၅ ခုနှစ် မေလ (၁၀) ရက်မှ မေလ (၁၇) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု အကြိမ် (၈၀) ထက်မနည်း တိုက်ခိုက်ခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၇၁) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၁၈) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၁၁) ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
☆ ရန်ကုန်တွင် မြို့ပြ ပျောက်ကြားတိုက်ခိုက်မှု (၃) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၁၇) မြို့နယ်အထိ ရှိသည်။
☆ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သိမ်းပိုက်ထားသည့် မတ္တရာအရှေ့ခြမ်း၌ စစ်ကောင်စီတပ်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
☆ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတပ် ခလရ ၂၄ နှင့် အမြောက်တပ် အမတ ၃၁၁ တို့ အခြေစိုက်ထားသည့် တညာကျိုး (ခ) တာလယ် စစ်ဗျုဟာစခန်းကို KNLA/PDF ပူးပေါင်းတပ်များက မေလ (၁၃) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၁၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားများနှင့် ဆရာမများအပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးခဲ့ရသည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*