
“စစ်ရေးစစ်ရာ တပတ်တာ (၃၄)”

– မေလ (၁၈) ရက်မှ မေလ (၂၄) ရက်အထိ
☆ ၂၀၂၅ ခုနှစ် မေလ (၁၈) ရက်မှ မေလ (၂၄) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၄၃) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၉) ခုရှိ မြို့နယ်ပေါင်း (၂၅) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁၃ ) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ရွာများကို မေလ ၂၁ ရက်နေ့ တရက်တည်း၌ စစ်ကောင် စီက လေကြောင်းတိုက်ခိုက်မှု (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၄၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၄ ) ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
☆ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များက မေလ ၂၁ ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး မော်ဖိုးကေစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၂၅) မြို့နယ်အထိရှိသည်။
☆ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဖားကန့်ဒေသတို့တွင် KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်နေသည်။
☆ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ထောက်ပို့ စစ်ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိများအပါအဝင် (၁၈) ဦးထက်မနည်း သေဆုံးခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း အကြိမ် (၂၀) ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ပဲခူးတိုင်းအတွင်းရှိ နတ်တလင်း၊ ပေါင်းတည်၊ တောင်ငူတို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ်ထက်မနည်း ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment