
“စစ်ရေးစစ်ရာ တပတ်တာ (၃၅)”

– မေလ (၂၅) ရက်မှ မေလ (၃၁) ရက်အထိ
☆ ၂၀၂၅ ခုနှစ် မေလ (၂၅) ရက်မှ မေလ (၃၁) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၄၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၁၁) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၀) ခုရှိ မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၂၀) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၁) ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
☆ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA မဟာမိတ် ပူးပေါင်းတပ်များက မေလ ၂၁ ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး မော်ဖိုးကေစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၁၇) မြို့နယ်အထိရှိသည်။
☆ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဖားကန့်ဒေသတို့တွင် KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မင်းတပ်တောင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တိုင်းစစ်ဦးစီးမှူး ပထမတန်းအဆင့် ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်သားအများအပြား AA ထံတွင် ဖမ်းဆီးခံရသည်။
☆ အမ်း-ပဒါန်းလမ်းပေါ်ရှိ အမ်းမြို့နယ်အပိုင် နတ်ရေကန်တောင်ကြောရှိ MPT တာဝါတိုင်ကုန်း ပတ်ဝန်းကျင်တွင်လည်း AA နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ကာကင်းစခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
☆ ကရင်ပြည်နယ်တွင်လည်း မြန်မာ − ထိုင်းနယ်စပ်၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး KNLA/PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာခြင်းကြောင့် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးကြသည်။
☆ သေဘောဘိုးစခန်းကို စစ်ကူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းတခုလုံးကို KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတခုလုံး ချေမှုန်းခံခဲ့ရသည်။ အဆိုပါ တိုက်ပွဲအတွင်း အင်အား (၇၀) ပါ စစ်ကောင်စီ စစ်ကြောင်းတခုလုံး ချေမှုန်းခံခဲ့ရပြီး သေဆုံးသည့် စစ်ကောင်စီတပ်သား အရေအတွက်စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၁) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၌ တိုက်ပွဲများ ပြင်းထန်လာနေသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ပြန်လည်ရရှိနိုင်ရေး စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
Be the first to comment