စစ်ရေးစစ်ရာ တပတ်တာ (၃၈)

“စစ်ရေးစစ်ရာ တပတ်တာ (၃၈)”
◾️ နောင်လူသစ်
ဇွန်လ (၂၂) ရက်မှ ဇွန်လ (၂၈) ရက်အထိ
☆ ၂၀၂၅ ခုနှစ် ဇွန်လ (၂၂) ရက်မှ ဇွန်လ (၂၈) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက် ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၂၂) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၂) ခုရှိ မြို့နယ်ပေါင်း (၂၇) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်လက်ရှိနေပြီး တော်လှန်ရေးအင်အားစုများက စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသ၌ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က စိုးမိုးနယ်မြေတချို့ကို လက်လွှတ်လိုက်ရသည်။ စစ်ကောင်စီတပ်များက အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
☆ ပဲခူးတိုင်းဒေသ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၃၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၇၈) ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၃) ခုထက်မနည်းကို တော်လှန်ရေးအင် အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းအင်အားသုံး၍ ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။
☆ နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက လေကြောင်း၊ ဒရုန်းတို့ဖြင့် သုံးရက်အတွင်း ဗုံးအလုံးရေစုစုပေါင်း ၄၂၅ လုံးနှင့် လက်နက်ကြီး ၂၂၈ လုံးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်ထားသည်။
☆ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့ပြီး ကရင်နီပြည်နယ်အတွင်းရှိ ဖားဆောင်းမြို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ်ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်းအရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 692 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*